Article version 2024.115.0

ကားပုဂ္ဂိုလ်ရေးဆိုင်ရာ အသိပေးချက်

စတင်အကျုံးဝင်သည့်ရက်စွဲ-

ထုတ်ဝေဖြန့်ချိသည့်နေရာ-

ဤပုဂ္ဂိုလ်ရေးအသိပေးချက်သည် Volvo Cars (အောက်တွင် သတ်မှတ်ထားသည့်အတိုင်း) က ပေးအပ်သော ယာဉ်များနှင့် ချိတ်ဆက်ထားသော ဝန်ဆောင်မှုများနှင့်ဆက်စပ်သော ဒေတာများကို Volvo Cars ဘက်မှ လုပ်ဆောင်ပုံလုပ်ဆောင်နည်းအကြောင်း ရှင်းပြပါသည်။

ကား၏ အင်္ဂါရပ်များနှင့် လုပ်ဆောင်ချက်များအကြောင်း ရှင်းပြမှုကို ဖတ်ရှုရန် ကျေးဇူးပြု၍ သက်ဆိုင်ရာ မော်ဒယ်လ်အတွက် ပိုင်ရှင်၏ လက်စွဲစာအုပ် ကို ကြည့်ရှုပါ။ ပုဂ္ဂိုလ်ရေး ဒေတာနှင့်စပ်လျဥ်းသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဤသတိပေးချက်နှင့် ပိုင်ရှင်၏ လက်စွဲစာအုပ်တို့ကြား မကိုက်ညီမှုတစ်ခုခု ရှိပါက ဤသတိပေးချက်သည်သာ အကျုံးဝင် သက်ရောက်စေရမည်။

၎င်းအပြင် ဒေတာ ပရောဆက်လုပ်ခြင်းမှာ တပ်ဆင်ထည့်သွင်းထားသည့် ကားရှိ ဝန်ဆောင်မှုများနှင့် သက်ဝင်ဖို့ သင်ရွေးချယ်ထားသည့် ဝန်ဆောင်မှုများပေါ် မူတည်သောကြောင့် ဤစာရွက်စာတမ်းသည် ပရောဆက်လုပ်နိုင်သမျှ အားလုံးကို ကျယ်ပြန့်စွာ ထည့်သွင်းတင်ဆက်ထားပါသည်။ ကားမော်ဒယ်လ်အဟောင်းတစ်စီး ရှိလျှင် သို့မဟုတ် ကားမော်ဒယ်လ်အသစ်ရှိသော်လည်း လိုအပ်သည့် အင်္ဂါရပ်တစ်ခု မပါရှိလျှင် အင်္ဂါရပ်နှင့်ဆက်စပ်နေသည့် ဒေတာ ပရောဆက်လုပ်ဆောင်မှု ဖြစ်ပွားမည်မဟုတ်ကြောင်း ပြောစကားရှိပါသည်။

ဤကိုယ်ပိုင်မူ အသိပေးချက် မသက်ရောက်သည်များမှာ-

  • အထူးယာဥ်များ (ဥပမာ ရဲကားများ)-
  • ကားမှမထွက်ခွာသည့်ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ခြင်း (ဒေသန္တရ ပရောဆက်လုပ်ခြင်း)-
  • မိမိတို့၏ လက်လီဖြန့်ချိသူတစ်ဦးဦး (သင့်ကားကို သင်ဝယ်ယူသည့်အခါ)နှင့် သင်ဆက်သွယ်ပြောဆိုသည့်အခါ ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ခြင်း-
  • ပြင်ပအဖွဲ့အစည်းများ၏ ဆော့ဖ်ဝဲ၊ အက်ပ်များနှင့် ဝန်ဆောင်မှုများကို သင်အသုံးပြုခြင်း။ (နောက်ထပ်အချက်အလက်များအတွက် ကျေးဇူးပြု၍ ဝန်ဆောင်မှုပေးအပ်သူတစ်ဦးချင်း၏ ကိုယ်ပိုင်စည်းမျဉ်းနှင့် သတ်မှတ်ချက်များအပြင် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးမူဝါဒများ/အသိပေးချက်များကို ကြည့်ရှုပါ)
  • Volvo Cars နှင့် မဆိုင်ဘဲ သီးခြားရပ်တည်သော မိုဘိုင်း ကွန်ရက် အော်ပရေတာတစ်ဦးမှ ပံ့ပိုးပေးသည့် အင်တာနက်/ချိတ်ဆက်ရေး ဝန်ဆောင်မှုကို သင့်ကားတွင် ထည့်သွင်းတပ်ဆင်ခြင်း။

ပြည့်စုံစွာ သိရှိရန်အတွက် Volvo Cars တွင် ဤအချက်အလက်နှင့်အတူတကွ ဖတ်ရှုသင့်သည့် အခြားပုဂ္ဂိုလ်ရေး အသိပေးချက်များရှိကြောင်းကို မှတ်သားပေးပါ။ သင့်အတွက် ၎င်းတို့ကို အောက်တွင်စာရင်းပြုစုပေးထားပါသည်။ လင့်ခ်များထဲသို့ တိုက်ရိုက်ဝင်ရောက်ခြင်းဖြင့် ၎င်းတို့ကို လွယ်ကူစွာ ရယူနိုင်ပါသည်။

သင်သည် အောက်ပါတို့ကို တွေ့ရှိနိုင်သည်-

  1. ကျွန်ုပ်တို့က ဘယ်သူတွေလဲ
  2. ကျွန်ုပ်တို့ အသုံးပြုသည့် ပုဂ္ဂိုလ်ရေး ဒေတာနှင့် လုပ်ဆောင်ရသည့် အကြောင်းရင်း -
  3. သင့်ပုဂ္ဂိုလ်ရေးဒေတာအား ဝေမျှခြင်း
  4. သင့်အခွင့်အရေးများနှင့် ထိန်းချုပ်နိုင်မှုများ
  5. ဆက်သွယ်ရန် အချက်အလက်
  6. ဤသတိပေးချက်တွင် အပြောင်းအလဲများ

1. ကျွန်ုပ်တို့က ဘယ်သူတွေလဲ

အောက်တွင် ရည်ညွှန်းထားသည့် ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ဆောင်ခြင်းအတွက် တာဝန်ရှိသည့်အဖွဲ့အစည်းမှာ Volvo Car Corporation ဖြစ်ပြီး ၎င်း၏ မှတ်ပုံတင်ထားသည့် ရုံးမှာ Assar Gabrielssons Väg, SE-405 31 Gothenburg, Sweden, ကုမ္ပဏီ မှတ်ပုံတင်အမှတ် 556074-3089, ဖြစ်ပြီး ဤမှစ၍ "Volvo Cars", "ကျွန်ုပ်တို့", သို့မဟုတ် "မိမိတို့" အဖြစ် ရည်ညွှန်းသွားမည်။ အချို့သော အခြေအနေရပ်များတွင် ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ဆောင်ရာတွင် ပူးတွဲထိန်းချုပ်သူများရှိပြီး ယင်းကို သက်ဆိုင်ရာ အပိုင်းများ၌ သတ်မှတ်ဖော်ပြထားပါသည်။

2. ကျွန်ုပ်တို့ အသုံးပြုသည့် ပုဂ္ဂိုလ်ရေး ဒေတာနှင့် လုပ်ဆောင်ရသည့် အကြောင်းရင်း -

2.1 သတင်းပေးရန်နှင့် ဖျော်ဖြေရန် ရည်ရွယ်ချက်များအတွက် အသုံးပြုသော ဒေတာများ

2.1.1. မောင်းနှင်မှု ဂျာနယ်မှတ်တမ်း

မောင်းနှင်မှု ဂျာနယ်မှတ်တမ်းသည် သင့်ခရီးစဉ်များအားလုံးကို အလိုအလျောက် မှတ်တမ်းတင်ပေးပါသည်။ သင့်ခရီးမိုင်ကုန်ကျစရိတ်များကို စီမံခန့်ခွဲလိုပါက ၎င်းသည် အသုံးဝင်ကောင်းဝင်နိုင်ပါသည်။ မောင်းနှင်မှု ဂျာနယ်မှတ်တမ်းကို သင်ကိုယ်တိုင် အသက်သွင်း၍ ဖွင့်ထားရမည်ဖြစ်သည်၊ မဟုတ်ပါက ဒေတာကောက်ခံမည်မဟုတ်ပါ။

သင်သည် မောင်းနှင်မှု ဂျာနယ်မှတ်တမ်းကို ဖွင့်ထားပါက သင့်ရှေ့အမည်နှင့် မျိုးရိုးအမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ သင့်ကားမှတ်ပုံတင်နံပါတ် (VIN) နှင့် ကား၏ တည်နေရာကဲ့သို့သော သင်မည်သူဖြစ်ကြောင်းပြသနိုင်သည့် အထောက်အထားများအပြင် သင့်ကားမောင်းလမ်းကြောင်း၊ အချိန်၊ အကွာအဝေး၊ လောင်စာဆီ နှင့်/သို့မဟုတ် လျှပ်စစ်သုံးစွဲမှုနှင့် ခရီးမိုင်ကဲ့သို့သော အခြားခရီးစဉ်ဆိုင်ရာ အချက်အလက်များကို ကောက်ခံသွားပါမည်။ သင့်ကားမော်ဒယ်လ်အပေါ်မူတည်၍ စမောင်းနေရာနှင့် ဆိုင်ရောက်နေရာကိုသာ ကောက်ခံပါသည် သို့မဟုတ် လမ်းကြောင်းအပြည့်အစုံကို ကောက်ခံပါသည်။

သင့်ခွင့်ပြုချက်အပေါ် အခြေပြု၍ ဤဒေတာကို ကျွန်ုပ်တို့ ပရောဆက်လုပ်ပါသည်။

စည်းမျဉ်းတစ်ခုအနေဖြင့် ကားမော်ဒယ်အပေါ်မူတည်၍ မောင်းနှင်မှု ဂျာနယ်မှတ်တမ်း၏ ဒေတာများကို ရက် 400 အထိ သိမ်းဆည်းထားပါသည်။ သင်သည် မောင်းနှင်မှု ဂျာနယ်မှတ်တမ်းကို အချိန်မရွေး ပိတ်နိုင်ပြီး ထိုသို့လုပ်လိုက်ပါက ဒေတာကောက်ခံမှုကို ရပ်ဆိုင်းမည်ဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် ယခင်က ကောက်ခံထားသော အချက်အလက်များအား ဖျက်ဆီးခြင်းမပြုပါ။

2.1.2 လေလိုင်းတွင်း ဆေ့ာဖ်ဝဲ အပ်ဒိတ်ပြုလုပ်ခြင်းများ

အင်တာနက်ဖြင့် ဆေ့ာဖ်ဝဲ အပ်ဒိတ်ပြုလုပ်ခြင်းများသည် ဝေါ့ရှော့သို့ သွားစရာမလိုဘဲ သင့်ကားကို နောက်ဆုံးပေါ် ဆော့ဖ်ဝဲရအောင် အပ်ဒိတ်လုပ်၍ ထိန်းသိမ်းနိုင်စေပါသည်။ နောက်ဆုံးပေါ် ဆော့ဖ်ဝဲကို အသုံးပြုခြင်းသည် သင့်အနေဖြင့် ကျွန်ုပ်တို့၏ မွမ်းမံထားသော ဝန်ဆောင်မှုများကို အပြည့်အ၀ အသုံးချနိုင်ကြောင်း သေချာစေပါသည်။ နောက်ဆုံးပေါ် ဆော့ဖ်ဝဲကို အသုံးပြုခြင်းအားဖြင့် သင်သည် ဆိုက်ဘာလုံခြုံရေးအန္တရာယ်များထံမှ အကာအကွယ်ရရှိမှုကိုလည်း တိုးတက်စေပါသည်။

ယာဥ်ဆေ့ာဖ်ဝဲကို ထိန်းသိမ်းပြီး လိုအပ်သည့် ဆေ့ာဖ်ဝဲအပ်ဒိတ်များကို လုပ်ဆောင်ပေးနိုင်ရန် ကျွန်ုပ်တို့သည် အောက်ပါဒေတာတို့ကို ပရောဆက်လုပ်ပါသည်-

  • ယာဥ် မှတ်ပုံတင် အမှတ် (VIN)
  • ယာဥ်ဆေ့ာဖ်ဝဲ ဗားရှင်း-
  • ချွတ်ယွင်းချက် ပြဿနာ ကုဒ်များ (DTC)-
  • ယာဥ် ထုတ်လုပ်သည့် ရက်စွဲ။
  • ကားသတ်မှတ်ဖော်ပြချက်များ
  • တပ်ဆင်မှုအခြေအနေနှင့် အစီရင်ခံချက်များ

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ သင့်ခွင့်ပြုချက်ဖြစ်ပါသည်။

ယာဥ်သက်တမ်းတခုလုံးအတွက် ကားတွင်ပြုလုပ်ထားသော ဆေ့ာဖ်ဝဲအပ်ဒိတ်များ၏ မှတ်တမ်းများကို ကျွန်ုပ်တို့မှ ထိန်းသိမ်းထားရှိသွားပါမည်။

ပုဂ္ဂိုလ်ရေးလုံခြုံမှုဆက်တင်တွင် အလိုအလျောက် ဆော့ဖ်ဝဲ အပ်ဒိတ်လုပ်မှုများကို အချိန်မရွေး သဘောတူနိုင် သို့မဟုတ် ငြင်းပယ်နိုင်ပါသည်။ သင်သဘောတူပါက ဆော့ဖ်ဝဲအပ်ဒိတ်များကို အလိုအလျောက် ဒေါင်းလုဒ်ဆွဲမည်ဖြစ်ပြီး အပ်ဒိတ်သွင်းရန် အဆင်သင့်ဖြစ်သောအခါ သင့်ကို အသိပေးပါမည်။ သင်ငြင်းပယ်ပါက အပ်ဒိတ်အသစ်ထွက်၍ ဒေါင်းလုဒ်ဆွဲနိုင်သောအခါ သင့်ကို အသိပေးပါမည်။ သင်သည် အင်တာနက်ဖြင့် ဆော့ဖ်ဝဲအပ်ဒိတ်ပြုလုပ်မှုများကို အသုံးမပြုလိုပါက ကျွန်ုပ်တို့၏စနစ်များနှင့် လိုအပ်သည့်ချိတ်ဆက်မှုရှိသော ဝေါ့ရှော့တွင် အပ်ဒိတ်များ သွင်းနိုင်ပါသည်။

2.1.3 ချိတ်ဆက်နေသည့် ဘေးကင်းရေး

ကျွန်ုပ်တို့၏ ကားများတွင် ကျွန်ုပ်တို့ကမ်းလှမ်းပေးသည့် ဝန်ဆောင်မှုဖြစ်သော ချိတ်ဆက်နေသည့် ဘေးကင်းရေး (Connected Safety) အား တပ်ဆင်ပေးထားပါသည်၊ ၎င်းဝန်ဆောင်မှုသည် ကားမောင်းနေစဉ် သင့်အား လက်ရှိယာဉ်မောင်းအန္တရာယ်များအကြောင်း အသိပေးပါသည်။ ဤအချက်အလက်သည် အခြားကားများ သို့မဟုတ် အကျုံးဝင်ပါက အများပိုင် အရင်းအမြစ်များမှ ရယူထားသော အချက်အလက်များအပေါ် အခြေခံပါသည်။ သင့်လျော်သော သတိပေးချက်များကို ပြသပေးခြင်းဖြင့် ပြောင်းလဲနေသော လမ်းအခြေအနေများ သို့မဟုတ် ဖြစ်နိုင်ခြေရှိသည့် လမ်းအန္တရာယ်များကို သင့်ထံ စောစီးစွာအသိပေးရာတွင် ဤအချက်အလက်ကို အသုံးပြုပါသည်၊ ထိုအခါ သင်သည် ကားမောင်းမှုပုံစံကို အထိုက်အလျောက် ပြောင်းလဲနိုင်မည်ဖြစ်သည်။ သင့်တာယာနှင့် လမ်းကြား လျော့ပါးနေသော ပွတ်တိုက်မှုကဲ့သို့သော ဖြစ်နိုင်ခြေရှိသည့် လမ်းအန္တရာယ်တစ်ခုကို သင်မောင်းနှင်နေသော ကားက တွေ့ရှိပါက သို့မဟုတ် အန္တရာယ် သတိပေးချက်မီးများ ပွင့်သွားပါက ဤအချက်အလက်ကို Volvo Cars ထံ ပို့ပေးပါသည်။ ဤအချက်အလက်ကို သင်မောင်းနှင်နေသော ကားနေရာသို့ ချဉ်းကပ်လာနေသော ကားများထံ မပို့ပေးမီ အခြားအလားတူအချက်များနှင့် စုပေါင်း၍ အမည်ကို လျှို့၀ှက်ပေးပါသည်။

ချိတ်ဆက်နေသည့် ဘေးကင်းရေး (Connected Safety) အား ထောက်ပံ့ပေးရန်အတွက် ကျွန်ုပ်တို့ ကောက်ယူ၍ ပရောဆက်လုပ်သော ဒေတာမှာ -

  • ယာဥ် မှတ်ပုံတင် အမှတ် (VIN)
  • ချော်နေသော လမ်းအကြောင်း သတိပေးချက်ဖွင့်ခြင်း၊ အန္တရာယ်မီးဖွင့်ခြင်း အစရှိသော ဖြစ်ရပ်။
  • အသိပေးချက်တစ်ခုစီပါ အချိန်မှတ်ယူမှု
  • တည်နေရာ

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ စာချုပ်၏ စွမ်းဆောင်ချက်ဖြစ်ပါသည်။ သင်သည် ဝန်ဆောင်မှုကို အချိန်မရွေး အဖွင့်အပိတ်လုပ်နိုင်သည်။

ထို့ပြင် ယာဉ်လမ်းကြောင်းကြောင့်ဖြစ်သော အန္တရာယ်များကို ရှောင်ရှားရန်နှင့် လျှော့ချရန်၊ လမ်းလုံခြုံရေးကို တိုးတက်စေရန်၊ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် ရေရှည်တည်မြဲသော ယာဉ်သွားလာရေး ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေရန်အတွက် အထက်တွင်ဖော်ပြထားသည့် ဒေတာများကို အမည်လျှို့၀ှက်၍ ပရောဆက်လုပ်ပြီး ယာဉ်သွားလမ်းအေဂျင်စီများနှင့် ကုမ္ပဏီများထံ လွှဲပို့ပေးပါသည်။ ထိုရည်ရွယ်ချက်များအတွက် Volvo Cars နှင့် Polestar Performance AB (Gothenburg၊ Assar Gabrielssons Väg 9၊ SE-405 31၊ Sweden တွင် ရုံးချုပ်ရှိသည့် ဆွီဒင်ကုမ္ပဏီ၊ ယခုမှစ၍ "Polestar" ဟု ညွှန်းဆိုမည်) တို့က တွဲဖက်ထိန်းချုပ်သူများဖြစ်ပါသည်။ GDPR အရ အဖြစ်သဘောခေါ်ဆိုသည့် ပူးတွဲ ထိန်းချုပ်သူများအဖြစ် Volvo Cars နှင့် Polestar တို့သည် ဤခွဲခြားစိစစ်သုံးသပ်ရေး ဒေတာ ပရောဆက်လုပ်ခြင်းအတွက် ပူးတွဲတာဝန်ရှိပါသည်။ Volvo Cars သည် ၎င်း၏ဖောက်သည်များထံသို့ အချက်အလက်ပံ့ပိုးရေး၊ Volvo Cars နှင့်ဆက်စပ်၍ Volvo ဖောက်သည်များမှ GDPR မှပြဌာန်းထားသည့် သက်ဆိုင်ရာ အခွင့်အရေးများ ကျင့်သုံးရေးတို့ကို Volvo Cars နှင့် Polestar တို့က သဘောတူပါသည်။

ကျွန်ုပ်တို့သည် အချက်အလက်များကို တစ်ပတ်တိတိ ထိန်းသိမ်းထားပါမည်။

2.1.4 ဒစ်ဂျစ်တယ်သော့

ဒစ်ဂျစ်တယ်သော့သည် သမားရိုးကျ ကားသော့အား အပြည့်အ၀အစားထိုးနိုင်ပြီး သင့်စမတ်ဖုန်း သို့မဟုတ် စမတ်နာရီဖြင့် သင့်ကားအား လွယ်ကူသက်သာစွာ ပိတ်ခွင့်၊ ဖွင့်ခွင့် သို့မဟုတ် စက်နှိုးခွင့်ပေးပါသည်။ ထို့ပြင် သင့်သော့အား ဒစ်ဂျစ်တယ်ချန်နယ်အမျိုးမျိုးမှတစ်ဆင့် နောက်ထပ်မောင်းနှင်သူများထံ ဝေမျှပေး၍လည်းရနိုင်ပါသည်။

ဒစ်ဂျစ်တယ်သော့သည် သော့များ ဝေမျှပေးမှု သို့မဟုတ် သော့များ ရုပ်သိမ်းမှုအတွက် ကနဦး တစ်ကြိမ်သတ်မှတ်မှုအတွင်းသာ အင်တာနက်ချိတ်ဆက်မှုကို လိုအပ်ပါသည်။ သတ်မှတ်ပြီးပါက သော့သည် Bluetooth၊ Near Field Communication (NFC) နှင့် Ultra-Wideband Technology (UWB) တို့မှတစ်ဆင့် အလုပ်လုပ်မည်ဖြစ်သည်။ သတ်မှတ်နေစဉ်အတွင်း သင့်သော့အား သင့်စမတ်ဖုန်းရှိ ဝေါလတ်အက်ပ်သို့ ထည့်သွင်းသွားမည်ဖြစ်သည်။ သင့်ဝေါလတ်အက်ပ်မှ သင့်သော့ကို စာပို့အက်ပ်များ၊ မေးလ် သို့မဟုတ် Airdrop® မှတစ်ဆင့် ဝေမျှပေးနိုင်ပါသည်။ သင့်ဝေမျှထားသော သော့များကိုလည်း ဝေါလတ်အက်ပ်မှတစ်ဆင့် သို့မဟုတ် ကား၏ infotainment စနစ်တွင် လွယ်ကူစွာ ရုပ်သိမ်းနိုင်ပါသည်။

ဒစ်ဂျစ်တယ်သော့အား အသုံးပြုနေစဉ် အောက်ပါဒေတာများကို ပရောဆက်လုပ်ပါသည် -

  • ယာဥ် မှတ်ပုံတင် အမှတ် (VIN)
  • ကားသတ်မှတ်ဖော်ပြချက်များ
  • ကားအခြေအနေ
  • Volvo ID
  • သော့ ID
  • ရင်းနှီးနေသော အမည်

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ စာချုပ်၏ စွမ်းဆောင်ချက်ဖြစ်ပါသည်။

သင့်တွင် အကျုံးဝင်သောစာချုပ်တစ်ခုရှိနေသရွေ့ သင့်ဒေတာများကို ကျွန်ုပ်တို့ ထိန်းသိမ်းသွားပါမည်။

2.1.5 အချိန်နှင့်တပြေးညီ ယာဥ်အသွားအလာ အချက်အလက်

အချိန်နှင့်တပြေးညီ ယာဥ်အသွားအလာ အချက်အလက်ဝန်ဆောင်မှုသည် ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပံ့ပိုးသူထံမှ ယာဥ်အသွားအလာ အချက်အလက်ဆိုင်ရာ အချက်အလက်ကို လက်ခံရရှိပါသည်။

ကျွန်ုပ်တို့သည် ကားမှ အောက်ပါဒေတာများကို ပရောဆက်လုပ်ပါသည် -

  • ယာဥ်အနေအထားနှင့် အမြန်နူန်း-ယာဥ်ပိတ်ဆို့မှု ဖြစ်နိုင်သည့်ဘေးအကြောင်း သင်နှင့်အခြား ယာဥ်မောင်းများထံ အသိပေးနိုင်ရန် ယာဥ်ပိတ်ဆို့မှုတွက်ချက်ရန် ပြင်ပအဖွဲ့အစည်း ဝန်‌ဆောင်မှုပံ့ပိုးသူထံ ဤအချက်များကိုမျှဝေပါသည်- ဤဒေတာပွိုင့်များမှာ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ပံ့ပိုးသူအတွက် အမည်ဝှက်ဖြစ်ပါသည်။
  • ယာဥ်အမှတ်အသား နံပါတ် (VIN)- ဤဝန်ဆောင်မှုအတွက် သင့်ယာဥ်တွင် အသင်းဝင်ကြေးရှိ-မရှိ စစ်ဆေးအတည်ပြုရန် Volvo Cars မှ ဤဒေတာကို အသုံးပြုသည်။

သင်မောင်းနှင်စဥ် အချိန်နှင့်တပြေးညီ ယာဥ်အသွားအလာအချက်ပြများကို သတ်မှတ်ဖော်ထုတ်နိုင်သည့် ဆန်ဆာများတပ်ဆင်ထားသည့် ကားမော်ဒယ်လ်များက ဒေသန္တရ ပရောဆက်လုပ်ဆောင်ခြင်း (ကားတွင်း၌သာ)မှတဆင့် ဤသို့ပြုလုပ်သည်။

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ စာချုပ်၏ စွမ်းဆောင်ချက်ဖြစ်ပါသည်။ သင်သည် ဝန်ဆောင်မှုကို အချိန်မရွေး အဖွင့်အပိတ်လုပ်နိုင်သည်။

အသင်းဝင်ကြေး သက်ဝင်နေသရွေ့ကာလပတ်လုံး ဒေတာကို Volvo Cars မှ သိမ်းဆည်းသွားမည်။ ဒေသဆိုင်ရာ ချမှတ်ထားသော ဥပဒေသတ်မှတ်ချက်အရ အချိန်ပိုကြာမြင့်စွာ လိုအပ်မှု မရှိပါက အသင်းဝင်ကြေး သက်ဝင်မှုမရှိတော့သည့်နှင့် တပြိုင်နက် VIN, အမြန်နူန်းနှင့် အနေအထားတို့ကို အများဆုံး ရက်ပေါင်း 90 အထိ သိမ်းဆည်းပါသည်။

2.1.6 အသိဉာဏ်ကြွယ်၀သော မြန်နှုန်း အထောက်အကူ (ISA)

အသိဉာဏ်ကြွယ်၀သော မြန်နှုန်း အထောက်အကူ (ISA) သည် ကားများကို မြန်နှုန်းကန့်သတ်ချက်အား မကျော်စေရန် လမ်းပြဆိုင်းဘုတ်ဒေတာများကို အသုံးပြုသည့် အချို့သော တရားစီရင်စုတွင် မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်ဖြစ်ပါသည်။ လက်ရှိသွားနေသော လမ်းပေါ်ရှိ မြန်နှုန်းသတ်မှတ်ချက်ကို သိရှိရန်အတွက် ISA သည် လမ်းပြဆိုင်းဘုတ်အချက်များကို ရယူရန် ကား၏ လမ်းပြစနစ်ကို အသုံးပြုပါသည်။ လမ်းပြစနစ်သည် မှန်ကန်သော ဒေတာကို ပေးအပ်ရန်အတွက် ကား၏နေရာကို သိရှိရန်လိုအပ်ပါသည်။

ထို့အပြင် Volvo Cars သည် အောက်ပါကဲ့သို့သော သင့်၏ ကားအသုံးပြုမှုဆိုင်ရာ စုပေါင်းအချက်များကို အစီရင်ခံပေးရန် ဥပဒေအရ လိုအပ်ပါသည် -

  • အဆင့်မြင့်ကားစနစ်များကို ဖွင့်၍ သို့မဟုတ် ပိတ်၍ အချိန်မည်မျှ သို့မဟုတ် အကွာအဝေးမည်မျှ သင်မောင်းနှင်ထားမှု
  • သတ်မှတ်ထားသော မြန်နှုန်းကန့်သတ်ချက်ကို လိုက်နာ၍ သို့မဟုတ် ကျော်လွန်၍ အချိန်မည်မျှ သို့မဟုတ် အကွာအဝေးမည်မျှ သင်မောင်းနှင်ထားမှု 
  • အဆင့်မြင့်ကားစနစ်များကို ဖွင့်မှုနှင့် ပိတ်မှုကြား ကြာမြင့်သော အချိန်ကာလ

ISA နှင့် အစီရင်ခံမှုကို ထောက်ပံ့ပေးရန် အောက်ပါဒေတာများကို ပရောဆက်လုပ်ပါသည် -

  • ကားမှတ်ပုံတင် အမှတ် (VIN)
  • ကားမြန်နှုန်း
  • ကားအချက်အလက်များ (မော်ဒယ်လ်၊ ထုတ်လုပ်သည့်နှစ်)
  • ကား၊ ၎င်း၏ အာရုံခံကိရိယာများနှင့် စနစ်များက ထုတ်ပေးသော အချက်အလက်များ (သတိပေးချက်များ၊ ချို့ယွင်းချက်များ၊ ထူးခြားသော လက္ခဏာများ၊ အခြေအနေနှင့် အဆင့်မြင့်ယာဉ်စနစ်များ၏ ပြုမူပုံ)
  • ကားအား အသုံးပြုပုံနှင့် မောင်းနှင်ပုံနှင့်ပတ်သက်သော အချက်အလက်များ (ဆက်တင်များ၊ အဆင့်မြင့်ကားစနစ်များ အသုံးပြုမှု)
  • တည်နေရာ

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ ကျွန်ုပ်တို့၏ ဥပဒေရေးရာ ၀တ္တရားများကို ပြည့်မီအောင်လုပ်ရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် အချက်အလက်များကို စုပေါင်းပြီး သက်ဆိုင်ရာ အာဏာပိုင်များထံ မပို့ပေးခင် ၎င်းတို့ကို ထိန်းသိမ်းထားပါသည်။

2.1.7 စကားမှ မက်ဆေ့ချ်ပေးပို့ခြင်း

စကားမှ မက်ဆေ့ချ်ပေးပို့ခြင်းသည် သင့်အချက်အလက် ထိန်းသွင်းထိန်းချုပ်စနစ်တွင်ပါသော သင်ထိန်းချုပ်နိုင်သည့် အင်္ဂါရပ်များဖြစ်ကြပြီး အသံအမိန့်စနစ် ကြီးတစ်ခုလုံး၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သင်က နူတ်ဖြင့် ညွှန်ကြားချက်ပေးခြင်းဖြင့် SMS ဖန်တီးကား ပေးပို့နိုင်သည်။ အသံအမိန့်ပးခြင်းများကို အသုံးပြုလျက် စကားပြောဆိုမှု စတင်ရန် အရင်ဦးဆုံးသင်က ဤလုပ်ဆာင်ချက်ကို ဖွင့်ရန် လိုအပ်သည်။ အသံထိန်းချုပ်မှုကို သင်တမင်ရပ်တန့်မှု မလုပ်သည်အထိ သို့မဟုတ် စနစ်မှအမြန်တုန့်ပြန်မှု သုံးခုကို မလုပ်မချင်းအထိ၎င်းက ဆက်လက်ပွင့်နေမည်ဖြစ်သည်။

စကားဖြင့် မက်ဆေ့ခ်ျပေးပို့ခြင်းကို အသုံးပြုနေစဉ် အောက်ပါဒေတာများကို ပရောဆက်လုပ်ပါသည် -

  • အသံသွင်းယူထားသည့် အသံဒေတာ သို့မဟုတ် အမိန့်များ
  • ယာဥ်အမှတ်အသား နံပါတ် (VIN)- ဤဝန်ဆောင်မှုအတွက် သင့်ယာဥ်တွင် အသင်းဝင်ကြေးရှိ-မရှိ စစ်ဆေးအတည်ပြုရန် VIN ကိုအသုံးပြုသည်။
  • ဖုန်းနံပါတ်
  • စာမက်ဆေ့ချ် - ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပံ့ပိုးသူမှ ဖန်တီးထားသည့် စာမက်ဆေ့ချ်ကို ကလောက်ဒ်တွင် သိမ်းဆည်းပြီး ပြန်ပို့ပေးကာ သင့်ယာဥ်တွင် သိမ်းဆည်းထားပါသည်။ တက်စ် မက်ဆေ့ချ်ကို SMS အဖြစ် သိမ်းဆည်းနိုင်သည်။

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ စာချုပ်၏ စွမ်းဆောင်ချက်ဖြစ်ပါသည်။

မက်ဆေ့ခ်ျအား မပို့ပြီးခင်အထိ အချက်အလက်များကို ကျွန်ုပ်တို့ ထိန်းသိမ်းထားပါမည်။

2.1.8 လေထုအရည်အသွေး အညွှန်းကိန်း

ဤလုပ်ဆောင်ချက်သည် ညစ်ညမ်းမှုနှင့် ဝတ်မှုန်အဆင့်များကဲ့သို့သော လေထုအရည်အသွေးဆိုင်ရာ အချက်အလက်ကို ဖော်ပြပေးပါသည်။

အစဦးတွင် ကားအတွင်းရှိ လေထုအရည်အသွေးဆိုင်ရာ အချက်အလက်များကို ပြသပေးပါသည်။

ကားတည်နေရာကို ဝေမျှပေးရန် သင်ရွေးချယ်ပါက ကားပြင်ပရှိ လေထုအရည်အသွေးဆိုင်ရာ အချက်အလက်ကိုလည်း တင်ပြပေးသွားမည်ဖြစ်သည်။

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ စာချုပ်၏ စွမ်းဆောင်ချက်ဖြစ်ပါသည်။

ဒေတာအား ကားထဲတွင် တင်ပြပြီးနောက် ဖျက်ဆီးလိုက်မည်ဖြစ်သည်။

2.1.9 မြေပုံ ပို့ဆောင်ရေးစနစ်

ကျွန်ုပ်တို့၏ကားအချို့သည် ကျွန်ုပ်တို့၏ မြေပုံ ပို့ဆောင်ရေးစနစ်မှ မြေပုံဒေတာများကို တောင်းဆိုနိုင်ပါသည်။ ဤဝန်ဆောင်မှုသည် သင့်လက်ရှိတည်နေရာ၏ နောက်ဆုံးပေါ် မြေပုံဒေတာများကို ပေးအပ်ခြင်းဖြင့် မောင်းနှင်မှု အကူအညီနှင့် အလိုက်သင့်ပြောင်းလဲသော ယာဉ်ထိန်းချုပ်မှု ကဲ့သို့သော ကားရှိ လုပ်ဆောင်ချက်များကို တိုးမြှင့်ပေးပါသည်။

မြေပုံ ပို့ဆောင်ရေးစနစ်ကို ဖွင့်ခြင်းဖြင့် အောက်ပါဒေတာများကို ပရောဆက်လုပ်ပါသည်-

  • တည်နေရာ - ကားအနေဖြင့် မှန်ကန်သော မြေပုံဒေတာများကို တောင်းဆိုနိုင်စေရန်အတွက် ခန့်မှန်းခြေ တည်နေရာတစ်ခုကို ပရောဆက်လုပ်ပါသည် (0.8 km² ထက် ပို၍ မတိကျသော ဧရိယာတစ်ခုဖြင့်)။

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ စာချုပ်၏ စွမ်းဆောင်ချက်ဖြစ်ပါသည်။

မြေပုံဒေတာများကို ဒေါင်းလုဒ်မဆွဲပြီးခင်အထိ ဒေတာများကို ကျွန်ုပ်တို့ ထိန်းသိမ်းထားပါမည်။

2.2 ဘေးကင်းရေးနှင့်ဆက်စပ်၍ အသုံးပြုသော ဒေတာများ

2.2.1 သက်ဝင်နေသော ဘေးကင်းရေး ဒေတာ သွင်းယူစက်(ASDR)

"သက်ဝင်နေသော ဘေးကင်းရေး ဒေတာ သွင်းယူစက်" (ASDR)၏ မူလရည်ရွယ်ချက်မှာ ယာဥ်မတော်မဆဖြစ်မှု သို့မဟုတ် ယာဥ်တိုက်မိမှု- ကဲ့သို့သော အခြေအနေများနှင့် ဆက်စပ်သော ဒေတာကို မှတ်တမ်းယူရန် ဖြစ်သည်။ မည်သို့သော ယာဥ်မတော်မဆ ဖြစ်ပွားမှုများ၊ ဒဏ်ရာရရှိမှုများနှင့် ထိခိုက်ပျက်စီးမှုများဖြစ်ပွားသော အခြေအနေရပ်များကို မိမိတို့မှ ပိုမိုနားလည်းနိုင်စေရန် မိမိတို့၏ သုတေသနနှင့် တီထွင်ထုတ်လုပ်ရေးဌာနက ဤအချက်အလက်ကို ပရောဆက်လုပ်ပါသည်။

သင့်သဘောတူခွင့်ပြုချက်ကို ပေးအပ်ခြင်းဖြင့် Volvo Cars သည် ရှေ့ရေး တီထွင်ထုတ်လုပ်မှု ရည်ရွယ်ချက်အတွက်နှင့် သက်ဝင်နေသော ဘေးကင်းရေးဆိုင်ရာ တိုင်ကြားချက်များအတွက် အောက်ပါ ဒေတာကို ကောက်ခံပြီး ပရောဆက်လုပ်ပါသည်-

  • ယာဥ် မှတ်ပုံတင် နံပါတ်(VIN)-
  • ဖြစ်ပွားလာသည့် ဘေးကင်းရေး ဖြစ်စဥ်အမျိုးအစားနှင့် ၎င်း၏ ဖြစ်ပွားမှုအကြိမ်ရေများ-
  • ယာဥ်တိုက်မှုများ-ကဲ့သို့သော အခြေအနေရပ်များမဖြစ်မီ နှင့် ဖြစ်ပွားပြီးနောက် 4 စက္ကန့်အတွင်း အရှေ့-မျက်နှာမူထားသည့် ကင်မရာက ပုံများကို ဓါတ်ပုံရိုက်ယူပါသည်-
  • မတော်တဆဖြစ်ပွားချိန်၌ ယာဥ်နေရာ။

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ သင့်ခွင့်ပြုချက်ဖြစ်ပြီး ၎င်းကို ကျွန်ုပ်တို့ မဖျက်ဆီးမီ သို့မဟုတ် ကာယကံရှင်မည်သူဖြစ်ကြောင်းမသိနိုင်အောင်မလုပ်မီ 10 နှစ်တိတိ ထားရှိပါသည်။

2.2.2 ဖြစ်စဥ်ဒေတာ သွင်းယူစက် (EDR)

ယာဥ်သည် ကားတိုက်မိမှု သို့မဟုတ် တိုက်မိခါနီးအခြေအနေများနှင့် ဆက်စပ်သောဘေးကင်းရေး-ဆိုင်ရာ အချက်အလက်ကို ဖြစ်စဥ်ဒေတာ သွင်းယူစက် (EDR)တွင် သိမ်းဆည်းပါသည်- ကား၏" သေတ္တာနက်"အဖြစ်လည်း ခေါ်ဆိုပါသည်။ ဘေးကင်းရေး-ဆိုင်ရာ အချက်အလက်တွင် ပါဝင်သည့် ဒေတာများမှာ-

  • သင့်ယာဥ်တွင် မည်မျှသော စနစ်အမျိုးမျိုးတို့ လည်ပတ်လုပ်ဆောင်ခြင်း-
  • ယာဥ်မောင်း နှင့် ခရီးသည်တို့က ဘေးကင်းရေး ခါးပတ်များ ပတ်ထားခြင်း ရှိမရှိ-
  • ယာဥ်မောင်းက စပိနှင့်/ သို့မဟုတ် ဘရိတ် ခြေနှင်းခုံတို့အား မည်မျှအထိ ဖိနှိပ် (အဆုံးထိတင်ထားခြင်း)ထားခြင်း-နှင့်
  • ယာဥ်ကမည်မျှ မြန်မြန်သွားနေခြင်း။

သွင်းယူထားသည့် ကာလမှာ ပုံမှန်အားဖြင့် 30 စက္ကန့်အထိဖြစ်ပါသည်။ အသေးအဖွဲ့-မဟုတ်သော ယာဥ်တိုက်မှု အခြေအနေဖြစ်ပွားသည့် အခါမှသာ ဒေတာကို မှတ်တမ်းယူပါသည်။

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ ကျွန်ုပ်တို့၏ ဥပဒေရေးရာ ၀တ္တရားများကို ပြည့်မီအောင်လုပ်ရန် ဖြစ်ပါသည်။

ဖြစ်ပေါ်စေသည့် ဖြစ်ရပ်အသစ်ဖြင့် အစားထိုးမခံရခင်အထိ အချက်အလက်များကို ထိန်းသိမ်းထားပါမည်။

2.2.3 အရေးပေါ်အခြေအနေ ခေါ်ဆိုမှု (eCall)

အရေးပေါ်အခြေအနေ ခေါ်ဆိုမှု (eCall) သည် ကားအတွင်းရှိ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အာရုံခံကိရိယာများ၏ အသက်ဝင်မှုကြောင့် တွေ့ရှိသည့် မတော်တဆမှု အမျိုးအစားအချို့တွင် အရေးပေါ်ခေါ်ဆိုမှုနှင့် ဒေတာပို့ဆောင်မှုကို အလိုအလျောက် ဖြစ်ပေါ်စေပါသည်။ ကားအတွင်းရှိ ယာဉ်မောင်းနှင့် လိုက်ပါလာသူများအားလုံးသည် သတိမေ့နေလျှင်ပင် ကားက အလိုအလျောက် eCall ခေါ်ဆိုပေးမည်ဟု ဆိုလိုပါသည်၊ အောက်တွင်ဖော်ပြထားသည့် ဒေတာများကို ခေါ်ဆိုရေးစင်တာသို့ အလိုအလျောက် ပို့ပေးမည်ဖြစ်သည်။ SOS ခလုတ်အား အနည်းဆုံး 2 စက္ကန့် ဖိနှိပ်ထားခြင်းဖြင့် eCall အား အလိုအလျောက်မဟုတ်ဘဲ ကိုယ့်ဆန္ဒဖြင့် ဖြစ်ပေါ်စေနိုင်ပါသည်။

အရေးပေါ် ခေါ်ဆိုမှုကို ပြုလုပ်သည့်အခါ အောက်ပါဒေတာကို ပရောဆက်လုပ်ပါသည်-

  • ကားမှတ်ပုံတင် အမှတ် (VIN)
  • ယာဥ် တွန်းကန်မောင်းနှင်မှု သို့မဟုတ် အင်ဂျင် သတ်မှတ်ဖော်ပြချက်များ-
  • ယာဥ် မော်ဒယ်လ် သတ်မှတ်ဖော်ပြချက်များ-
  • မတော်တဆဖြစ်ပွားသည့်အချိန်-
  • မတော်တဆဖြစ်ပွားသည့်နေရာ-
  • ယာဥ်သွားနေသည့် ဦးတည်ချက်လားရာ။
  • ကားအခြေအနေ

နဂိုမူလအတိုင်းနှင့် ဖြစ်နိုင်သော နေရာများတွင် eCall အား ပြင်ပ ဝန်ဆောင်မှုပေးအပ်သူထံ လွှဲပေးပါသည် (ယင်းအား ပြင်ပကုမ္ပဏီဝန်ဆောင်မှု eCall သို့မဟုတ် TPS eCall ဟု ခေါ်ဆိုပါသည်)၊ ဤဝန်ဆောင်မှုပေးသူသည် ဒေသအလိုက် ပြောင်းလဲပြီး သင့်ဒေသရှိ အသုံးပြုသည့် ဝန်ဆောင်မှုပေးသူများမှာ မည်သူဖြစ်ကြောင်းနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များ ရရှိရန်အတွက် ကျွန်ုပ်တို့ထံ သင်ဆက်သွယ်နိုင်ပါသည်။ သင့်ကား ဆက်တင်များကိုလျော်ကန်စွာချိန်ညှိပြင်ဆင်ခြင်းဖြင့် ပြည်သူ့ အရေးပေါ် ဝန်ဆောင်မှု သို့ လမ်းကြောင်းခွဲခေါ်ဆိုပေးစေရန် သင်အချိန်မရွေး - ရွေးချယ်နိုင်ပါသည်။

eCall ခေါ်ဆိုမှုပြုလုပ်သည့်အခါမှသာလျှင် ဒေ တာကောက်ခံပြီး ၎င်းအား ရယူသုံးစွဲနိုင်သည့် တစ်ခုတည်းသောအဖွဲ့အစည်းမှာ Volvo Cars နှင့် ဝန်ဆောင်မှုပံ့ပိုးပေးနေသည့် ပြင်ပအဖွဲ့အစည်း (သို့မဟုတ် ရွေးချယ်ထားပါက အရေးပေါ် ဝန်ဆောင်မှုကိုယ်၌) တို့ဖြစ်သည်။ သို့သော် လိုအပ်ပါက သူတို့က ဤဒေတာကို အထူးဆောင်ရွက်ပေးသည့် အရေးပေါ် ဝန်ဆောင်မှုများ (ဥပမာ လူနာတင်ယာဥ်) ထံသို့ လက်ဆင့်ကမ်းပေးသွားနိုင်သည်။

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ ကျွန်ုပ်တို့၏ ဥပဒေရေးရာ ၀တ္တရားများကို ပြည့်မီအောင်လုပ်ရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဒေတာကို ရက် 200 တိတိ ထိန်းသိမ်းထားမည်ဖြစ်ပြီး ပရော်ဆက်လုပ်ဆောင်ခြင်းအား အထက်တွင် ညွှန်းထားသည့် အရေးပေါ်အခြေအနေများအတွက်သာ ကန့်သတ်ထားမည်ဖြစ်သည်။

2.2.4 ခေါ်ဆိုရေးစင်တာ ဝန်ဆောင်မှုများ

ခေါ်ဆိုရေးစင်တာ ဝန်ဆောင်မှုများဖြင့် ကျွန်ုပ်တို့သည် သင့်အား အက်ပ်အတွင်းရှိ ခေါ်ဆိုမှုမှတစ်ဆင့် "on call"/assist ခလုတ်ကိုနှိပ်ခြင်း သို့မဟုတ် ခေါ်ဆိုရေးစင်တာကို တိုက်ရိုက်ခေါ်ဆိုခြင်းဖြင့် ကားအတွင်းမှ ကျွန်ုပ်တို့၏ ခေါ်ဆိုရေးစင်တာနှင့် ချိတ်ဆက်နိုင်စွမ်းကို ပေးအပ်ပါသည်။ ခေါ်ဆိုရေးစင်တာ ဝန်ဆောင်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကမ်းလှမ်းပေးထားသော ဝန်ဆောင်မှုများကို အောက်တွင်ဖော်ပြထားပါသည် -

လမ်းဘေးအကူအညီ (RSA)

RSA တွင် ကားဘီးပေါက်ခြင်း သို့မဟုတ် အင်ဂျင်/မော်တာ ချို့ယွင်းခြင်းကဲ့သို့သော သင့်ကားရှိ နည်းပညာဆိုင်ရာ ချို့ယွင်းချက်တစ်ခုကို ကြုံတွေ့ရသောအခါတွင် သင့်ကို ကူညီထောက်ပံ့ပေးမှု ပါဝင်ပါသည်။ အချို့ဖြစ်ရပ်များတွင် ခေါ်ဆိုရေးစင်တာမှ ကိုယ်စားလှယ်သည် ပြဿနာအား ဖြေရှင်းနည်းကို ဖုန်းမှတစ်ဆင့် သင့်ထံ လမ်းညွှန်ပြသနိုင်မည်ဖြစ်သည်။ အခြားဖြစ်ရပ်များတွင် လမ်းဘေး၌ပင် ပြင်ဆင်မှုကို ပြုလုပ်နိုင်ပါသည် ('အသေးစားပြုပြင်မှု (spot repair)' ဟု ခေါ်သည်) သို့မဟုတ် ထိုသို့မလုပ်နိုင်သောအခါ သင့်ကားအား ပြုပြင်ရန်အတွက် ဝေါ့ရှော့သို့ ဆွဲယူပေးသွားမည်ဖြစ်သည်။ ကိုယ်စားလှယ်သည် ဖုန်းခေါ်ဆိုနေစဉ်အတွင်း မည်သည့်နည်းလမ်းက သင့်လျော်မည်ကို စိစစ်ပေးသွားပါမည်။ လမ်းဘေးပြုပြင်မှုကို လိုအပ်သောအခါ (အသေးစားပြုပြင်မှု သို့မဟုတ် ကားဆွဲမှု) လမ်းဘေးကားဆွဲကုမ္ပဏီနှင့် ကားပြင်ကုမ္ပဏီကဲ့သို့သော ပြင်ပကုမ္ပဏီမှ ကူညီထောက်ပံ့ရေးယာဉ်များကို ပေးအပ်သွားမည်ဖြစ်သည်၊ ထို့နောက် ၎င်းက သက်ဆိုင်ရာဒေတာများကို ပရော်ဆက်လုပ်ပါမည်။

ခိုးယူခံရသော ကားအား ခြေရာခံလိုက်မှု (SVT)

SVT သည် အခိုးခံရသော သင့်ကားကို ရှာဖွေပေးသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ကားအား အခိုးယူခံရကြောင်းကို 

  • ယင်းကားကိုယ်တိုင်ကပင် တိုင်ကြားနိုင်ပါသည်။ ကားသည် 'သူခိုးအသိပေးချက်' အဖြစ်သိရှိကြသည့် အသိပေးချက်တစ်ခုကို ကားနှင့်ချိတ်ဆက်ထားသည့် Volvo Cars အက်ပ်ရှိသော မည်သည့်ကားမောင်းသူမဆိုထံအပြင် ခေါ်ဆိုရေးစင်တာထံလည်း ပို့ပေးမှုကို ဖြစ်ပေါ်စေသော ကားသတိပေးချက်ကို နှိုးဆော်ပေးသည့်အရာကို တွေ့ရှိသောအခါ အခိုးခံရကြောင်း တိုင်ကြားပါသည်။
  • ခေါ်ဆိုရေးစင်တာသို့ ဖုန်းခေါ်ဆိုသော ကားပိုင်ရှင်။
  • ဒေသန္တရ ဥပဒေစိုးမိုးရေး (ရဲစခန်း)။ ခေါ်ဆိုမှုကို ခေါ်ဆိုရေးစင်တာထံသို့ပင် တိုက်ရိုက်လုပ်ဆောင်ပါသည်။

SVT လုပ်ငန်းစဉ်အား စတင်ရန်အတွက် တရားဝင် ရဲအစီရင်ခံစာကို တင်သွင်းရမည်ဖြစ်ပြီး အစီရင်ခံစာ အမှုတွဲနံပါတ်ကို ခေါ်ဆိုရေးစင်တာသို့ ပေးအပ်ရမည်ဖြစ်သည်။

အဝေးမှ ကားအား မမောင်းနိုင်အောင်လုပ်ခြင်း/မောင်းနိုင်အောင်လုပ်ခြင်း (RVI/RVM)

RVI/RVM အား ကားရှိ မမောင်းနိုင်စေသည့်စနစ်ကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် အသုံးပြုနိုင်ပါသည်။ မမောင်းနိုင်စေသည့်စနစ်အား ဖွင့်ထားပါက ၎င်းအား မပိတ်ခင်အထိ ကားအား စက်နှိုးနိုင်မည်မဟုတ်ပါ။ ထိုအခါ ကားအား အဝေးမှ မောင်းနိုင်အောင် လုပ်ဆောင်နိုင်ပါသည်။ ဤဝန်ဆောင်မှုအား ခေါ်ဆိုရေးစင်တာ ကိုယ်စားလှယ်က စတင်လုပ်ဆောင်ပေးပါသည်။ 

အထက်တွင်ဖော်ပြထားသော ဝန်ဆောင်မှုများကို သင့်ထံပေးအပ်ရန်အတွက် ကားထဲရှိ "on call"/assist ခလုတ်မှတစ်ဆင့် သို့မဟုတ် Volvo Car အက်ပ်မှတစ်ဆင့် ခေါ်ဆိုရေးစင်တာသို့ ဆက်သွယ်နေစဉ် အောက်ပါအချက်အလက်များကို အလိုအလျောက် ကောက်ခံသွားပါမည်။

  • လိုင်စင်ပြား
  • ကားမှတ်ပုံတင် အမှတ် (VIN)
  • ကားသတ်မှတ်ဖော်ပြချက်များ
  • ကားအခြေအနေ
  • တောင်းဆိုမှု၏ အချိန်နှင့် နေရာ
  • ခေါ်ဆိုသည့်အချိန်ရှိ နေရာ-
  • ယာဥ်သွားနေသည့် ဦးတည်ချက်လားရာ။

အထက်ပါ ခေါ်ဆိုရေးစင်တာ ဝန်ဆောင်မှုမည်သည်မဆိုအတွက် တောင်းဆိုမှု၏ သဘောသဘာ၀နှင့် အတိုင်းအတာအပေါ်မူတည်၍ တောင်းဆိုထားသော အထောက်အပံ့ကို ပေးအပ်နိုင်ရန်အတွက် လိုအပ်သည့် နောက်ထပ်အချက်အလက်များကို ပရောဆက်လုပ်ရန် လိုကောင်းလိုနိုင်ပါသည်၊ ဥပမာအားဖြင့် -

  • ဆက်သွယ်ရန် အချက်အလက် (အိမ်လိပ်စာ၊ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်)
  • အာမခံအချက်အလက်များ (ပေါ်လစီနှင့် လျော်ကြေးတောင်းခံမှု နံပါတ်)
  • ငွေလွှဲငွေပို့နှင့်သက်ဆိုင်သော ဒေတာများ
  • ဒဏ်ရာဖြစ်စေသော အကြောင်းရင်းနှင့် ပြင်ဆင်မှုအား ပြုလုပ်သည့် ဝေါ့ရှော့၏ အချက်အလက်များ

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ စာချုပ်၏ စွမ်းဆောင်ချက်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဒေတာများကို ရက် 200 တိတိ ထိန်းသိမ်းထားပါမည်။

2.2.5 ကျူးကျော်ဝင်ရောက်မှု ရှာဖွေရေးစနစ်

ကျူးကျော်ဝင်ရောက်မှု ရှာဖွေရေးစနစ် (IDS) ၏ ရည်မှန်းချက်မှာ အဓိက infotainment စနစ်အတွက် အလားအလာရှိသော အန္တရာယ်များဖြစ်လာနိုင်သည့် ပုံမှန်မဟုတ်မှုများနှင့် ချိုးဖောက်မှုများကို ရှာဖွေရန်ဖြစ်ပါသည်။ ဆော့ဖ်ဝဲနှင့် အက်ပ်များသည် ၎င်းတို့ လုပ်ခွင့်ရထားသည့်အရာများကို မချိုးဖောက်ကြောင်းသေချာစေရန် ၎င်းတို့ပြုမူလုပ်ဆောင်ပုံကို ကျွန်ုပ်တို့စောင့်ကြည့်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။ IDS သည် အချိန်နှင့်တပြေးညီ စနစ်အား စောင့်ကြည့်၍ ချိုးဖောက်မှုများကို Volvo Cars ထံ အစီရင်ခံသွားမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် အောက်ပါဒေတာများကို ပရော်ဆက်လုပ်ပါမည် -

  • ယာဥ် မှတ်ပုံတင် အမှတ် (VIN)
  • ဖြစ်ချိန် (ဖြစ်ခဲ့သည့်အချိန်ကွက်တိ)
  • မည်သည့်ရင်းမြစ်က မည်သည့်ပစ်မှတ်ကို စတင်ခဲ့ကြောင်းနှင့်သက်ဆိုင်သည့် အချက်အလက်များ
  • နည်းပညာဆိုင်ရာ ဒေတာများ (ဆော့ဖ်ဝဲဗားရှင်း၊ စနစ်နှင့် ပိတ်ထွက်မှု အစီရင်ခံစာများ၊ ခွင့်ပြုချက်များနှင့် အသိအမှတ်ပြုလက်မှတ်များ)

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ ကျွန်ုပ်တို့၏ ဥပဒေရေးရာ ၀တ္တရားများကို ပြည့်မီအောင်လုပ်ရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဒေတာများကို ရက် 90 တိတိ ထိန်းသိမ်းထားပါမည်။ ဤအချိန်ကာလပြီးဆုံးသွားပါက ကျွန်ုပ်တို့သည် ဒေတာများကို ဖျက်ဆီးသွားပါမည်၊ သို့မဟုတ် ဒေတာများကို ထိန်းသိမ်းထားရန် လိုအပ်ကြောင်း တွေ့ရပါက ၎င်း၏ သက်ဆိုင်သူမှာ မည်သူဖြစ်ကြောင်း ဖော်ပြနိုင်သည့်အချက်များကို ဖယ်ရှားပေးသွားပါမည်။

2.2.6 လုံခြုံသော ဘက်ထရီများဖြစ်စေရန် သေချာစေခြင်း

ကျွန်ုပ်တို့ ကားမောင်းသူများ၊ ၎င်းတို့၏ မိသားစုများနှင့် အများပြည်သူကို အန္တရာယ်နှင့် မလိုအပ်သော အဆင်မပြေစေမှုများမှ ကာကွယ်ပေးရန်အတွက် ဟိုက်ဘရစ် သို့မဟုတ် အပြည့်အ၀လျှပ်စစ်စွမ်းအားပေးစနစ်ပါရှိသည့် ကျွန်ုပ်တို့၏ ကားများသည် ဘေးကင်းလုံခြုံကြောင်းကို သေချာအောင်လုပ်ရန် လိုအပ်ပါသည်။ ထိုသို့သေချာစေရန် ဖြစ်နိုင်ခြေရှိသော စိုးရိမ်မှုများကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ရန်နှင့် ဖြစ်နိုင်ခြေရှိသော ချို့ယွင်းချက်အမျိုးအစားများကို ဖော်ထုတ်နိုင်ရန် ဘက်ထရီများနှင့်သက်ဆိုင်သည့် အချက်အလက်များကို ကျွန်ုပ်တို့ ကောက်ယူ၍ အသုံးပြုပါမည်။ လိုအပ်သည်ဟု ကျွန်ုပ်တို့ထင်ပါက သင့်ထံ ဆက်သွယ်၍ ဖြစ်နိုင်ခြေအလားအလာရှိသော စိုးရိမ်ပူပန်မှုများအကြောင်း အသိပေးပါမည်။

ကျွန်ုပ်တို့ ကောက်ယူ၍ အသုံးပြုသည့် ဒေတာများမှာ -

  • ကားနှင့်သက်ဆိုင်သော အချက်အလက်များ (မော်ဒယ်လ်၊ ထုတ်လုပ်သည့်နှစ်၊ ကားမှတ်ပုံတင်အမှတ် (VIN)၊ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ အချက်အလက်များ)
  • ကားတွန်းအားနှင့် ဘက်ထရီနှင့်သက်ဆိုင်သော အချက်အလက်များ (ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ အချက်အလက်များ၊ ဆဲလ်ဗို့အားများ၊ အားသွင်းမှုအခြေအနေ၊ အားသွင်းမှု အချက်အလက်၊ ပြင်ဆင်ပြောင်းလဲမှုများ၊ ချိန်ညှိမှုများ၊ အပူချိန်၊ အသိပေးနှိုးဆော်ချက်များ၊ သတိပေးချက်များ၊ ချို့ယွင်းချက်များ၊ ထူးခြားသော လက္ခဏာများ၊ အချိန်ပြဋ္ဌာန်းချက်များ၊ ကျန်းမာရေးအခြေအနေနှင့် အလုံးစုံအခြေအနေ)

အထက်ဖော်ပြပါ ဒေတာများအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ အထက်တွင်ဖော်ပြထားသည့် ကျွန်ုပ်တို့၏ တရားဥပဒေနှင့်လျော်ညီသော အကျိုးစီးပွားများအပြင် လုံခြုံရေးနှင့်ဆက်စပ်သည့် ပြန်လည်သိမ်းယူမှုများ လုပ်ဆောင်ခြင်းကဲ့သို့သော ကျွန်ုပ်တို့၏ တရားဥပဒေအရ ၀တ္တရားများကို လိုက်နာလုပ်ဆောင်ရန်အတွက်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် အထက်တွင်ဖော်ပြထားသော အချက်အလက်များကို ကား၏ တစ်သက်တာ ကာလတစ်လျှောက် ထိန်းသိမ်းသွားပါမည်။

2.3 ထိန်းသိမ်းရေးနှင့် ပြုပြင်ရေးများနှင့်ဆက်စပ်၍ အသုံးပြုသော ဒေတာများ

2.3.1 ဝန်ဆောင်မှု စီစဥ်ရေးဆွဲခြင်း

ဝန်ဆောင်မှု စီစဉ်ရေးဆွဲခြင်းသည် သင့်ကားအား ကောင်းမွန်သော အခြေအနေတွင် ထားရှိရာတွင်နှင့် ကား၏ ကျန်းမာရေးကို စောင့်ကြည့်ရာတွင် ကူညီပေးပါသည်။

သင့်နိုင်ငံတွင် အကျုံးဝင်ပါက ကျွန်ုပ်တို့သည် သင့်ထံ ဝန်ဆောင်မှုနှင့်ဆက်စပ်သော ဆက်သွယ်ပြောဆိုမှုကို ပေးပို့ပါမည်။

သင့်ကားတွင် အင်တာနက်ချိတ်ဆက်မှုရှိသောအခါ ဝန်ဆောင်မှု အစီအစဉ်ရေးဆွဲခြင်းသည် Volvo Cars၊ လက်လီကားအရောင်းဆိုင်များနှင့် ဝေါ့ရှော့များထံ ထူးခြားသော လက္ခဏာဆိုင်ရာ ဒေတာများကို ဆက်တိုက်ပေးအပ်ခြင်းဖြင့် အလုပ်လုပ်ပါသည်။ ထူးခြားသော လက္ခဏာဆိုင်ရာ ဒေတာများကို အဝေးမှ လှမ်းပို့ပေးခြင်းသည် သင့်ဝေါ့ရှော့အား သင်မရောက်သေးမီ ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်စေပါသည်။ ထို့ပြင် လိုအပ်ပါက အစိတ်အပိုင်းများဝယ်ယူရန် ဘွတ်ကင်တင်မှုများနှင့် ပို့ဆောင်မှုများကို စီမံပေးရန် ကျွန်ုပ်တို့၏ နိုင်ငံတွင်းအရောင်းကုမ္ပဏီနှင့် လက်လီကားအရောင်းဆိုင်များထံ ဒေတာများကို မျှဝေပေးသွားပါမည်။

ဝန်ဆောင်မှု စီစဉ်ရေးဆွဲခြင်းသည် ပါဝင်သည့် ပစ္စည်းများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝေါ့ရှော့အသုံးပြုမှုတို့ကို အကောင်းဆုံးဖြစ်စေခြင်းဖြင့် ကျွန်ုပ်တို့၏ ရေရှည်တည်တံ့ရေး ရည်မှန်းချက်များအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် အပိုပစ္စည်းများ ထုတ်လုပ်ရေးနှင့် ပို့ဆောင်ရေးအတွက် အချိန်ရေးဆွဲရာတွင်လည်း ကျွန်ုပ်တို့ကို ကူညီပေးပါသည်။

ဝန်ဆောင်မှု စီစဥ်ရေးဆွဲခြင်းအင်္ဂါရပ်ကို သင့်ထံပံ့ပိုးပေးနိုင်စေရန် အောက်ပါဒေတာတို့ကို ကောက်ခံသွားမည်-

  • ကားနှင့်သက်ဆိုင်သော အချက်အလက်များ (မော်ဒယ်လ်၊ ထုတ်လုပ်သည့်နှစ်၊ ကားမှတ်ပုံတင်အမှတ် (VIN)၊ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ အချက်အလက်များ)
  • ကား၊ ၎င်း၏ အာရုံခံကိရိယာများနှင့် စနစ်များက ထုတ်ပေးသော အချက်အလက်များ (မောင်းနှင်ထားသည့် အကွာအဝေးပြကိရိယာ၊ ဝန်ဆောင်မှု ညွှန်ပြချက်များ၊ အသိပေးနှိုးဆော်ချက်များ၊ သတိပေးချက်များ၊ မီးများ၊ ချို့ယွင်းချက်များ၊ ထူးခြားသော လက္ခဏာများ၊ အပူချိန်၊ အချိန်ပြဋ္ဌာန်းချက်များ၊ ကျန်းမာရေး အခြေအနေ၊ ကားတွင်ပါသည့် စနစ်များနှင့် လုပ်ဆောင်ချက်များ၏ အခြေအနေနှင့် အပြုအမူ)

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ စာချုပ်၏ စွမ်းဆောင်ချက်ဖြစ်ပါသည်။ သင်သည် ဝန်ဆောင်မှုကို အချိန်မရွေး အဖွင့်အပိတ်လုပ်နိုင်သည်။

ကျွန်ုပ်တို့သည် အချက်အလက်များကို 3 နှစ်တိတိ ထိန်းသိမ်းသွားပါမည်၊ ခြွင်းချက်အနေဖြင့် ကား၏ ဗို့အားမြင့်ဘက်ထရီဆိုင်ရာ အချက်အလက်များကိုမူ 10 နှစ်အထိ ထိန်းသိမ်းသွားမည်ဖြစ်သည်။

2.3.2 ဝေါ့‌ရှောများတွင် ချွတ်ယွင်းမှုရှာဖွေရေး အသံထွက်ဖတ်ပေးခြင်း

သင့်ကားအတွက် ဝန်ဆောင်မှု သို့မဟုတ် ပြုပြင်မှုများကို ဝန်ဆောင်မှုစင်တာ၊ ဝေါ့ရှော့ သို့မဟုတ် လက်တွဲဖော်ဆိုင်တွင် ပြုလုပ်ပါက ကျွန်ုပ်တို့၏ ကားများ၊ ၎င်းတို့၏ လုံခြုံရေးအင်္ဂါရပ်များနှင့် အခြားလုပ်ဆောင်ချက်များ၏ အရည်အသွေးကို စောင့်ကြည့်ရန်နှင့် တိုးတက်စေရန်ကဲ့သို့သော ထုတ်ကုန်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့၏ ထုတ်ကုန်ထုတ်လုပ်သူဆိုင်ရာ ၀တ္တရားများကို စီမံရန် ချို့ယွင်းချက် ခြေရာခံလိုက်ခြင်းအတွက် အချက်အလက်များကို လက်ခံရယူ၍ အသုံးပြုသွားမည်ဖြစ်သည်။

ကျွန်ုပ်တို့ ကောက်ယူ၍ အသုံးပြုသည့် ဒေတာများမှာ -

  • ကားနှင့်သက်ဆိုင်သော အချက်အလက်များ (မော်ဒယ်လ်၊ ထုတ်လုပ်သည့်နှစ်၊ ကားမှတ်ပုံတင်အမှတ် (VIN)၊ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ အချက်အလက်များ)
  • ကား၊ ၎င်း၏ အာရုံခံကိရိယာများနှင့် စနစ်များက ထုတ်ပေးသော အချက်အလက်များ (မောင်းနှင်ထားသည့် အကွာအဝေးပြကိရိယာ၊ ဝန်ဆောင်မှု ညွှန်ပြချက်များ၊ အသိပေးနှိုးဆော်ချက်များ၊ သတိပေးချက်များ၊ မီးများ၊ ချို့ယွင်းချက်များ၊ ထူးခြားသော လက္ခဏာများ၊ ချိတ်ဆက်မှုနှင့် နက်ဝေါ့အချက်အလက်များ၊ အသိအမှတ်ပြုလက်မှတ်များနှင့် ခွင့်ပြုချက်ဒေတာ၊ ချိန်ညှိမှုများ၊ အပူချိန်၊ ရာသီဥတုနှင့် လမ်းအခြေအနေများ၊ စွမ်းအင်နှင့် လောင်စာသုံးစွဲမှု၊ အချိန်ပြဋ္ဌာန်းချက်များ၊ ကျန်းမာရေး အခြေအနေ၊ ကားတွင်ပါသည့် စနစ်များနှင့် လုပ်ဆောင်ချက်များ၏ အခြေအနေနှင့် အပြုအမူ)
  • ကားအား အသုံးပြုပုံနှင့် မောင်းနှင်ပုံနှင့်ဆက်စပ်သော အချက်အလက်များ (ပြင်ဆင်ပြောင်းလဲမှုများ၊ ဆက်တင်များ၊ စက်ပစ္စည်း ချိတ်ဆက်မှုများ၊ အသုံးပြုသည့်ပုံစံ (အားသွင်းမှု၊ ပါကင်ထိုးမှု၊ မောင်းနှင်မှု)၊ အားသွင်းမှု အချက်အလက်၊ အချိန်ပြဋ္ဌာန်းချက်များ၊ မြန်နှုန်း၊ စီးနင်းသူ လိုက်ပါမှု၊ အပြန်အလှန်ဆက်သွယ်မှုများနှင့် အချက်အလက်ဦးစီးယူနစ်အား အသုံးပြုမှု (ကားရှိ စခရင်)၊ အဝေးထိန်းခလုတ်ဝန်ဆောင်မှုများအား အသုံးပြုမှု၊ အရှိန်မြှင့်စက်၊ ဘရိတ်၊ စတီယာရင်၊ ခုံံခါးပတ်များနှင့် တံခါးများကဲ့သို့သော ကားလုပ်ဆောင်ချက်များကို အသုံးပြုမှု)

အထက်ဖော်ပြပါ ဒေတာများအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ ကျွန်ုပ်တို့၏ တရားဥပဒေနှင့်လျော်ညီသော အကျိုးစီးပွားများအပြင် လုံခြုံရေးနှင့်ဆက်စပ်သည့် ပြန်လည်သိမ်းယူမှုများ လုပ်ဆောင်ခြင်းကဲ့သို့သော ကျွန်ုပ်တို့၏ တရားဥပဒေအရ ၀တ္တရားများကို လိုက်နာလုပ်ဆောင်ရန်အတွက်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် အထက်တွင်ဖော်ပြထားသော အချက်အလက်များကို ကား၏ တစ်သက်တာ ကာလတစ်လျှောက် ထိန်းသိမ်းသွားပါမည်။

2.3.3 အမှားအကြောင်း အသိပေးခြင်း

အမှားအကြောင်း အသိပေးခြင်းသည် ကျွန်ုပ်တို့ကို့ ဆော့ဖဲဝဲချွတ်ယွင်းချက်များဆိုင်ရာ အချက်အလက်များ ကောက်ခံနိုင်စေသော ဝေါ့ရှော့များက အသက်သွင်းနိုင်သည့် ကိရိယာတစ်ခုဖြစ်ပါသည်။ ဤကိရိယာကို ပြဿနာများ၏ သက်ရောက်မှုကို ရှာဖွေဖော်ထုတ်ရန်နှင့် စုံစမ်းစစ်ဆေးရန် အသုံးပြုပြီး ၎င်းသည် ကျွန်ုပ်တို့ကို ဆော့ဖ်ဝဲဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရန်နှင့် ကျွန်ုပ်တို့၏ ဆော့ဖ်ဝဲကို ကောင်းမွန်သော အခြေအနေတွင် ထိန်းသိမ်းထားရှိနိုင်ရန် ကူညီပေးပါသည်။ အမှားအကြောင်း အသိပေးခြင်းကို အသက်သွင်းခြင်းဖြင့် ကျွန်ုပ်တို့သည် သင့်ကားမှ အောက်ပါဒေတာများကို ကောက်ယူ၍ ပရောဆက်လုပ်ပါမည်-

  • ကားနှင့်သက်ဆိုင်သည့် အချက်အလက်များ (မိုင်၊ လောင်စာသုံးစွဲမှု၊ ကား၏ ပြင်ဆင်ပြောင်းလဲမှုများနှင့် အသေးစိတ်အချက်များ၊ ကားမှတ်ပုံတင်နံပါတ် (VIN)၊ အိုင်ပီလိပ်စာနှင့် ဆော့ဖ်ဝဲဗားရှင်း)
  • သတင်းအချက်အလက်ဆိုင်ရာ ဦးစီးယူနစ်၊ ပြသချက်ဆိုင်ရာ ဦးစီးယူနစ်၊ တယ်လီမက်တစ်နှင့် ချိတ်ဆက်မှု အင်တာနာ မော်ဂျူးနှင့် ၎င်းတို့နှင့်ဆက်စပ်သည့် အချက်ပြမှုများက ထုတ်လုပ်သော သတင်းအချက်အလက်များ (GPS၊ DID (ဒေတာရှာဖွေဖော်ထုတ်မှုစနစ်)၊ DTC (ရှာဖွေတွေ့ရှိချက်ပြ ပြဿနာကုဒ်)၊ ကားကွန်ရက် ပြဿနာရှာဖွေတွေ့ရှိချက်များ၊ Android Automotive ပြဿနာရှာဖွေတွေ့ရှိချက်များ၊ ကားစတင်ရာတွင် ပြဿနာရှာဖွေတွေ့ရှိချက်များနှင့် ဖန်တီးထုတ်လုပ်သူများအတွက် ရည်ရွယ်သည့် အစီရင်ခံချက်များနှင့် မှတ်တမ်းဖိုင်များ)
  • ကားမောင်းသူနှင့် ကားကြားရှိ အပြန်အလှန်ဆက်သွယ်မှုဆိုင်ရာ အချက်အလက်များ (မြန်နှုန်း၊ infotainment ဆက်တင်များ၊ လမ်းကြောင်းရှာဖွေရေး ဦးတည်ရာများ၊ ဖုန်းစာအုပ်၊ ရေဒီယိုဆက်တင်များ၊ ပြင်ပအက်ပလီကေးရှင်းဆက်တင်များ၊ လမ်းပေါ်တွင် ကားမောင်း၍မရတော့သောအခါ ကူညီထောက်ပံ့မှုဆိုင်ရာ မှတ်တမ်း)
  • ကားမောင်းသူနှင့်သက်ဆိုင်သည့် အချက်အလက်များ (အီးမေးလ်အကောင့်များ၊ ဖုန်းနံပါတ်၊ Volvo ID)

အထက်ဖော်ပြပါ ဒေတာများအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ ကျွန်ုပ်တို့၏ တရားဥပဒေနှင့်လျော်ညီသော အကျိုးစီးပွားဖြစ်ပါသည်။

သင့်ကားရှိ ပြဿနာ ဖြေရှင်းပြီးသောအချိန်အထိ သို့မဟုတ် ရက်ပေါင်း 90 အထိ၊ အဆိုပါအချိန်နှစ်ခုအနက် ပိုနောက်ကျ၍ဖြစ်သော အချိန်အထိ သင့်ဒေတာများကို ကျွန်ုပ်တို့ သိမ်းဆည်းထားပါမည်။

2.3.4 တိုးချဲ့ထားသော ကားဒေတာခွဲခြမ်းစိတ်ဖြာမှု

ကျွန်ုပ်တို့ထံ သင်အသိပေးခဲ့သည့် သင့်ကားရှိ ပြဿနာများကို အပြည့်အ၀ စုံစမ်းစစ်ဆေးရန်အတွက် သင့်အမည်နှင့် ဆက်သွယ်ရန်အချက်များကဲ့သို့သော အခြေခံဝယ်ယူသူဒေတာအချို့နှင့်တကွ သင့်ကားရှိ အောက်ပါဒေတာများကို အသုံးပြုရန် လိုအပ်ပါသည် -

  • ဖြစ်ရပ်ဒေတာမှတ်တမ်းတင်စက်နှင့် ကား၏ လုံခြုံရေးစနစ်နှင့်ဆက်စပ်သော အခြားစနစ်များက မှတ်တမ်းတင်ထားသည့် ဒေတာများ (မြန်နှုန်း၊ GPS နေရာ၊ စတီယာရင်း ထောင့်၊ ဘရိတ်ပါဝါ၊ ဘရိတ်နင်းမှုနှင့် လုံခြုံရေးစနစ်များ အသုံးပြုမှု အစရှိသဖြင့်)
  • အခြားကားအာရုံခံကိရိယာများမှ ဖမ်းယူထားသော သို့မဟုတ် အဆိုပါအချက်အလက်များကို ပေးအပ်သူများထံမှ ရယူထားသော ဘေးပတ်ဝန်းကျင်ဆိုင်ရာ ဒေတာများ (ဥပမာ- အပူချိန်၊ ချောနေသော လမ်း)
  • ကား၏ အီလက်ထရွန်နစ် ထိန်းချုပ်ရေးယူနစ်များ၊ တယ်လီမက်တစ်နှင့် ချိတ်ဆက်မှုအင်တင်နာမော်ဂျူးနှင့် အချက်အလက်ဦးစီးယူနစ်နှင့် ၎င်းတို့နှင့်ဆက်စပ်သော အချက်ပြမှုများမှ ဒေတာများ
  • ကားအခြေအနေ (ခရီးမိုင်ပေါင်း၊ လောင်စာသုံးစွဲမှု၊ မောင်းနှင်ထားသည့် အကွာအဝေးပြကိရိယာနှင့် ဒက်ရှ်ဘုတ်တွင် ပြသထားသည့် အခြားဒေတာများ)
  • မတူညီသ​ော ဆက်တင်များ၏ ပြောင်းလဲမှုများ၊ Volvo ID နှင့် Google ID ကဲ့သို့သော အကောင့်အမည်များနှင့် Bluetooth မှတစ်ဆင့် ချိတ်ဆက်ထားသည့် စက်ပစ္စည်းအသုံးပြုမှုနှင့်ဆက်စပ်သော ဒေတာများကဲ့သို့သော မောင်းနှင်သူနှင့် ကားကြားရှိ အပြန်အလှန်တုံ့ပြန်မှုအားလုံး
  • ကားမှတ်ပုံတင် အမှတ် (VIN)

ကားရှိ ဖြစ်နိုင်ခြေရှိသော ပြဿနာများကို ဖော်ထုတ်ရန်၊ ဖြစ်နိုင်ခြေရှိသော အာမခံကိစ္စရပ်နှင့် ဖြစ်နိုင်ခြေရှိသော ထုတ်ကုန်ဘေးကင်းလုံခြုံရေး ပြဿနာများကို စီမံရန်အတွက် ဒေတာများကို အသုံးပြုသွားပါမည်။ ဒေတာအား မကောက်ခံနိုင်ပါက Volvo Cars အနေဖြင့် ပြဿနာများကို စုံစမ်းစစ်ဆေးနိုင်မည်မဟုတ်ပါ။

အထက်ဖော်ပြပါ ဒေတာများအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ ကျွန်ုပ်တို့၏ တရားဥပဒေနှင့်လျော်ညီသော အကျိုးစီးပွားဖြစ်ပါသည်။

သင့်ကားရှိ ပြဿနာအား မဖြေရှင်းပြီးမချင်း သင့်ဒေတာများကို ကျွန်ုပ်တို့ ထိန်းသိမ်းထားပါမည်။

2.4 သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ရည်ရွယ်ချက်များအတွက် အသုံးပြုသော ဒေတာများ

2.4.1 ယာဉ်မတော်တဆမှုဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး

ကျွန်ုပ်တို့၏ ကားတစ်စီးပါဝင်သော ယာဉ်မတော်တဆမှုဖြစ်သောအခါ ကျွန်ုပ်တို့ကားများအပြင် ယေဘုယျအားဖြင့် ယာဉ်အသွားအလာ ပတ်ဝန်းကျင်၏ ဘေးကင်းလုံခြုံရေးကို တိုးတက်စေရန် ရည်ရွယ်ချက်အတွက် ဘာဖြစ်ခဲ့သည်ကို ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးပါသည်။ ကျွန်ုပ်တို့၏ သုတေသနအတွက် အကျိုးဖြစ်ထွန်းစေမည်ဆိုပါက မတော်တဆမှုအတွက် နောက်ထပ်အချက်အလက်များကို ရယူရန် သင့်ထံ စစ်တမ်းတစ်စောင် ပေးပို့သွားပါမည်။

သုတေသနပြုလုပ်နေစဉ်တွင် အောက်ပါဒေတာများကို ပရောက်ဆက်လုပ်သွားပါမည် -

  • ဆက်သွယ်ရန် အသေးစိတ်အချက်များ
  • ကားနှင့်သက်ဆိုင်သော အချက်အလက်များ (မော်ဒယ်လ်၊ ထုတ်လုပ်သည့်နှစ်၊ ကားမှတ်ပုံတင်အမှတ် (VIN)၊ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ အချက်အလက်များ)
  • ကား၊ ၎င်း၏ အာရုံခံကိရိယာများနှင့် စနစ်များက ထုတ်ပေးသော အချက်အလက်များ (အနီးနားရှိ ၀တ္ထုပစ္စည်းများ၊ အင်ဂျင်ဒေတာ၊ ရပ်တန့်နေသော အချက်ပြဒေတာ၊ မောင်းနှင်ထားသည့် အကွာအဝေးပြကိရိယာ၊ ရာသီဥတုနှင့် လမ်းအခြေအနေများ၊ အပူချိန်၊ ဝန်ဆောင်မှု ညွှန်ပြချက်များ၊ အသိပေးနှိုးဆော်ချက်များ၊ သတိပေးချက်များ၊ မီးများ၊ ချို့ယွင်းချက်များ၊ ထူးခြားသော လက္ခဏာများ၊ ချိတ်ဆက်မှုနှင့် နက်ဝေါ့အချက်အလက်များ၊ အသိအမှတ်ပြုလက်မှတ်များနှင့် ခွင့်ပြုချက်ဒေတာ၊ ချိန်ညှိမှုများ၊ စွမ်းအင်နှင့် လောင်စာသုံးစွဲမှု၊ အချိန်ပြဋ္ဌာန်းချက်များ၊ ကား၏ ကျန်းမာရေး အခြေအနေ၊ ကားတွင်ပါသည့် စနစ်များနှင့် လုပ်ဆောင်ချက်များ၏ အခြေအနေနှင့် အပြုအမူ)
  • ကားအား အသုံးပြုပုံနှင့် မောင်းနှင်ပုံနှင့်ဆက်စပ်သော အချက်အလက်များ (ပြင်ဆင်ပြောင်းလဲမှုများ၊ ဆက်တင်များ၊ စက်ပစ္စည်း ချိတ်ဆက်မှုများ၊ အသုံးပြုသည့်ပုံစံ (အားသွင်းမှု၊ ပါကင်ထိုးမှု၊ မောင်းနှင်မှု)၊ အားသွင်းမှု အချက်အလက်၊ အချိန်ပြဋ္ဌာန်းချက်များ၊ မြန်နှုန်း၊ စီးနင်းသူ လိုက်ပါမှု၊ အပြန်အလှန်ဆက်သွယ်မှုများနှင့် အချက်အလက်ဦးစီးယူနစ်အား အသုံးပြုမှု (ကားရှိ စခရင်)၊ အဝေးထိန်းခလုတ်ဝန်ဆောင်မှုများအား အသုံးပြုမှု၊ အရှိန်မြှင့်စက်၊ ဘရိတ်၊ စတီယာရင်၊ ခုံံခါးပတ်များနှင့် တံခါးများကဲ့သို့သော ကားလုပ်ဆောင်ချက်များကို အသုံးပြုမှု)
  • တည်နေရာဒေတာ
  • ကင်မရာဒေတာ - အပြင်ဘက်သို့ မျက်နှာမူနေသော ကင်မရာဓာတ်ပုံများအား မတော်တဆမှုမဖြစ်ခင်နှင့် ဖြစ်ပြီး 4 စက္ကန့်အတွင်း ရိုက်ထားခြင်းဖြစ်ပါသည်။

အထက်ဖော်ပြပါ ဒေတာများအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ ကျွန်ုပ်တို့၏ တရားဥပဒေနှင့်လျော်ညီသော အကျိုးစီးပွားဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဒေတာများကို 10 နှစ် တိတိ ထိန်းသိမ်းထားပါမည်။

2.4.2 ယာဥ်ဒေတာ ခွဲခြမ်းစိတ်ဖြာမှုများ

မိမိတို့ယာဥ်များအကြောင်း ကိန်းဂဏန်းအချက်အလက်များရရှိပြီး ၎င်းတို့အားမည်သို့သုံးစွဲပုံသိရှိရယူနိုင်ရန်ငှာ ကျွန်ုပ်တို့က ယာဥ်ဒေတာကို (အောက်တွင်ဖော်ပြထားသည်) ပရောဆက်လုပ်ပါသည်။ ယာဥ်၏ အရည်အသွေးနှင့် ၎င်းတို့၏ အင်္ဂါရပ်တို့ ဘေးကင်းရေးတို့ ပိုမိုကောင်းမွန်ရန်၊ စောင့်ကြည့်စစ်ဆေးနိုင်ရန် အထူးအလေးထားကာ ထုတ်ကုန် သုတေသနနှင့် တီထွင်ထုတ်လုပ်ရေးတို့အတွက် ကျွန်ုပ်တို့က ဤအချက်အလက်ကို အသုံးပြုပါသည်။ ယင်းဖြင့် Volvo Cars ၏ အာမခံစနစ် ကတိပြုမှုများ စီမံရန် အသုံးဝင်သလို ထုတ်လွှတ်မှုများ စောင့်ကြည့်စစ်ဆေးရေးနှင့် ဆက်စပ်သော ဥပဒေရေးရာ သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီစေပါသည်။

အသုံးပြုသည့်ဒေတာ အမျိုးအစားများ-

  • ယာဥ် မှတ်ပုံတင် အမှတ် (VIN)
  • ယာဥ်၏ ဟဒ်ဝဲ နှင့် ဆေ့ာဖ်ဝဲဗားရှင်းများ သတ်မှတ်ဖော်ထုတ်ခြင်းများ-
  • ချွတ်ယွင်းချက် ပြဿနာ ကုဒ်များ (DTC)-

Volvo Cars သည် ယာဥ်၏ ဗို့အားမြင့် ဘက်ထရီ (သက်ဆိုင်လျှင်) နှင့်ပတ်သက်သော အောက်ပါအချက်အလက်ကိုလည်း ကောက်ခံပါသည်-

  • ဗို့အားမြင့် ဘက်ထရီ အိုင်ဒီ၊ ထုထည်ပမာဏ၊ နှင့် ကောင်းမွန်သော အခြေအနေ-
  • ယာဥ် ဈေးကွက် အချက်အလက်-
  • အားသွင်းသော စတေရှင် အချက်အလက် (ဥပမာရရှိနိုင်သော အခြေအနေ၊ ပါဝါအမျိုးအစား၊ တိုင် ID)-
  • အားသွင်းနေစဥ်အတွင်း ချွတ်ယွင်းမှုဖော်ထုတ်ပေးသော ဒေတာ (ဥပမာ ကြာချိန်၊ အားသွင်းသည့်အဆင့်၊ လက်ရှိ အတက်အကျ)

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ သင့်ခွင့်ပြုချက်ဖြစ်ပါသည်။

ယာဥ် မှတ်ပုံတင် အမှတ် (VIN)ဒေတာ၊ ယာဥ်၏ ဟဒ်ဝဲ နှင့် ဆေ့ာဖ်ဝဲဗားရှင်းများ သတ်မှတ်ဖော်ထုတ်ခြင်းများ၊နှင့် ချွတ်ယွင်းချက် ပြဿနာ ကုဒ်များ (DTC)ဒေတာတို့ကို 2 နှစ်အထိ ထိန်းသိမ်းထားသလို တစ်ဘက်တွင်လည်း ယာဥ်၏ ဗို့အားမြင့် ဘက်ထရီအကြောင်း အချက်အလက်ကို ဘက်ထရီသက်တမ်းတလျှောက်လုံးအတွက် ထိန်းသိမ်းပါသည်။

ဟိုက်ဘရစ် သို့မဟုတ် လျှပ်စစ်ယာဥ်များတွင် Volvo Cars နှင့် Polestar Performance AB (ဆွီဒင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဌာနချုပ်မှာ Göteborg, Assar Gabrielssons Väg 9, SE-405 31, Sweden, ရှိ၍ ဤမှစ၍ "Polestar" အဖြစ်ရည်ညွှန်းမည်)သည် သူတို့၏ သက်ဆိုင်ရာ ယာဥ်များမှ ခွဲခြားစိစစ်သုံးသပ်ရေး ဒေတာကို မျှဝေပါသည်။ အထက်တွင် ဖော်ပြသည့်အတိုင်း Volvo Cars နှင့် Polestar တို့ကြား ဖလှယ်ထားသော ခွဲခြားစိစစ်သုံးသပ်ရေး ဒေတာမှာ နည်းပညာစစ်စစ်ဆိုင်ရာ ဒေတာများသာဖြစ်ကြပြီး အမှန်တကယ် ဖောက်သည်များ၏ ဒေတာတို့ မပါဝင်ပါ။ Volvo Cars နှင့် Polestar ပလက်ဖောင်းတို့မှတဆင့် ကောက်ခံထားသည့် ခွဲခြားစိစစ်သုံးသပ်ရေး ဒေတာကို ယာဥ်အရည်အသွေး၊ လျှပ်စစ်နှင့် ဟိုက်ဘရစ် အင်္ဂါရပ်များ၏ စွမ်းဆောင်ရည်နှင့် ဘေးကင်းရေး အင်္ဂါရပ်များ ပိုမိုကောင်းမွန်‌ရေးနှင့် စောင့်ကြည့်သုံးသပ်ရေးအတွက် ဖလှယ်ပါသည်။

GDPR အရ အဖြစ်သဘောခေါ်ဆိုသည့် ပူးတွဲ ထိန်းချုပ်သူများအဖြစ် Volvo Cars နှင့် Polestar တို့သည် ဤခွဲခြားစိစစ်သုံးသပ်ရေး ဒေတာ ပရောဆက်လုပ်ခြင်းအတွက် ပူးတွဲတာဝန်ရှိပါသည်။ Volvo Cars သည် ၎င်း၏ဖောက်သည်များထံသို့ အချက်အလက်ပံ့ပိုးရေး၊ Volvo Cars နှင့်ဆက်စပ်၍ Volvo ဖောက်သည်များမှ GDPR မှပြဌာန်းထားသည့် သက်ဆိုင်ရာ အခွင့်အရေးများ ကျင့်သုံးရေးတို့ကို Volvo Cars နှင့် Polestar တို့က သဘောတူပါသည်။

2.4.3 ယာဉ် ခွဲခြမ်းစိတ်ဖြာမှုများနှင့် တိုးတက်မှုများ

ယာဉ် ခွဲခြမ်းစိတ်ဖြာမှုများနှင့် တိုးတက်မှုများကို ဖွင့်ခြင်းအားဖြင့် သင့်သဘောတူခွင့်ပြုချက်ကို ပေးအပ်ပါက ကျွန်ုပ်တို့သည် သင့်ကားအကြောင်းနှင့် ၎င်းကို မည်ကဲ့သို့ အသုံးပြုနေပုံအကြောင်း အချက်အလက်များ ရရှိရန် (အောက်တွင် ဖော်ပြထားသော) ဒေတာများကို ကောက်ယူ၍ အသုံးပြုပါမည်။ ကျွန်ုပ်တို့ကားများ၏ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် အရည်အသွေး၊ ၎င်းတို့၏ ဘေးကင်းရေး အင်္ဂါရပ်များနှင့် အခြားလုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်နှင့် တိုးတက်စေရန် ကဲ့သို့သော ချွတ်ယွင်းချက် ခြေရာခံမှု၊ ထုတ်ကုန် သုတေသနနှင့် တီထွင်ထုတ်လုပ်မှုဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဤအချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပါသည်။ လိုအပ်သည်ဟု ကျွန်ုပ်တို့ထင်ပါက သင့်ထံ ဆက်သွယ်၍ ဖြစ်နိုင်ခြေအလားအလာရှိသော ပြဿနာများ သို့မဟုတ် ချွတ်ယွင်းချက်များအကြောင်း အသိပေးပါမည်။

ကျွန်ုပ်တို့ ကောက်ယူ၍ အသုံးပြုသည့် ဒေတာများမှာ -

  • ကားနှင့်သက်ဆိုင်သော အချက်အလက်များ- မော်ဒယ်လ်၊ ထုတ်လုပ်သည့်နှစ်၊ ကားမှတ်ပုံတင်အမှတ် (VIN)၊ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ အချက်အလက်များ။
  • ကား၊ ၎င်း၏ အာရုံခံကိရိယာများနှင့် စနစ်များက ထုတ်ပေးသော အချက်အလက်များ- မောင်းနှင်ထားသည့် အကွာအဝေးပြကိရိယာ၊ ဝန်ဆောင်မှု ညွှန်ပြချက်များ၊ အသိပေးနှိုးဆော်ချက်များ၊ သတိပေးချက်များ၊ မီးများ၊ ချို့ယွင်းချက်များ၊ ထူးခြားသော လက္ခဏာများ၊ ချိတ်ဆက်မှုနှင့် နက်ဝေါ့အချက်အလက်များ၊ အသိအမှတ်ပြုလက်မှတ်များနှင့် ခွင့်ပြုချက်ဒေတာ၊ လုံခြုံရေးမှတ်တမ်းများ၊ ချိန်ညှိမှုများ၊ အပူချိန်၊ ရာသီဥတုနှင့် လမ်းအခြေအနေများ၊ စွမ်းအင်နှင့် လောင်စာသုံးစွဲမှု၊ အချိန်ပြဋ္ဌာန်းချက်များ၊ ကျန်းမာရေး အခြေအနေ၊ ကားတွင်ပါသည့် စနစ်များနှင့် လုပ်ဆောင်ချက်များ၏ အခြေအနေ၊ ကားတွင်ပါသည့် စနစ်များနှင့် လုပ်ဆောင်ချက်များ၏ အပြုအမူနှင့် ကားတွင်ပါသည့် စနစ်များနှင့် လုပ်ဆောင်ချက်များ၏ ထုတ်လုပ်ချက်။
  • ကားအား အသုံးပြုပုံနှင့် မောင်းနှင်ပုံနှင့်ဆက်စပ်သော အချက်အလက်များ- ပြင်ဆင်ပြောင်းလဲမှုများ၊ ဆက်တင်များ၊ စက်ပစ္စည်း ချိတ်ဆက်မှုများ၊ ချိတ်ဆက်ထားသည့် နောက်တွဲယာဉ်၊ အသုံးပြုသည့်ပုံစံ (အားသွင်းမှု၊ ပါကင်ထိုးမှု၊ မောင်းနှင်မှု)၊ အားသွင်းမှု အချက်အလက်၊ အချိန်ပြဋ္ဌာန်းချက်များ၊ မြန်နှုန်း၊ စီးနင်းသူ လိုက်ပါမှု၊ အပြန်အလှန်ဆက်သွယ်မှုများနှင့် infotainment ဦးစီးယူနစ်အား အသုံးပြုမှု (ကားရှိ စခရင်)၊ အဝေးထိန်းခလုတ်ဝန်ဆောင်မှုများအား အသုံးပြုမှု၊ အရှိန်မြှင့်စက်၊ ဘရိတ်၊ စတီယာရင်၊ ခုံံခါးပတ်များနှင့် တံခါးများကဲ့သို့သော ကားလုပ်ဆောင်ချက်များကို အသုံးပြုမှု။
  • တည်နေရာဒေတာ: အောက်ပါကိစ္စရပ်များတွင် တည်နေရာကို ကောက်ယူပါသည်။
    • မထင်ထားသော ဖြစ်ရပ်များ (မတော်တဆမှု ဖြစ်လုနီးနီး) နှင့် မတော်ဆဖြစ်မှုများ
    • eCall လုပ်ဆောင်ချက်ကို အသက်သွင်းထားပြီးပါကနှင့်
    • ချိတ်ဆက်မှုဆိုင်ရာ ပြဿနာများ ဖြစ်ပါက။
    တည်နေရာကို ဘေးကင်းရေး လုပ်ဆောင်ချက်များ၊ လူထိန်းစရာမလိုသော အလိုအလျောက် ကားမောင်းနှင်မှုနှင့် အဆင့်မြင့် မောင်းနှင်ရေး အထောက်အပံ့စနစ်များမှလည်း စဉ်ဆက်မပြတ် ကောက်ယူပါသည်။
  • ကင်မရာဒေတာ- အပြင်ဘက်သို့ မျက်နှာမူနေသော ကင်မရာဓာတ်ပုံများကို ဖမ်းယူပါသည်
    • မထင်ထားသော ဖြစ်ရပ်များနှင့် မတော်တဆမှုများနှင့်ဆက်စပ်၍၊ နှင့်
    • ဘေးကင်းရေး လုပ်ဆောင်ချက်များ၊ လူထိန်းစရာမလိုသော အလိုအလျောက် ကားမောင်းနှင်မှုနှင့် အဆင့်မြင့် မောင်းနှင်ရေး အထောက်အပံ့စနစ်များမှ စဉ်ဆက်မပြတ်။

အထက်ဖော်ပြပါ ဒေတာကောက်ယူခြင်းနှင့် အသုံးပြုခြင်းအတွက် ဥပဒေအကြောင်းခံမှာ သင်၏ ခွင့်ပြုချက် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဒေတာများကို ငါးနှစ်တိတိ ထိန်းသိမ်းသွားပါမည်၊ ခြွင်းချက်အနေဖြင့် ကား၏ ဗို့အားမြင့်ဘက်ထရီဆိုင်ရာ အချက်အလက်များကိုမူ ဘက်ထရီသက်တမ်းတစ်လျှောက် ထိန်းသိမ်းသွားမည်ဖြစ်သည်။ ငါးနှစ်အကြာတွင် ကျွန်ုပ်တို့သည် ဒေတာကို ဖျက်လိုက်ပါမည်၊ သို့မဟုတ် ကျွန်ုပ်တို့အနေဖြင့် ဒေတာကို ထိန်းသိမ်းရန် လိုအပ်ပါက ၎င်းကို လုံး၀အမည်၀ှက်ထားပေးကြောင်း သေချာစေပါမည်။

2.5 မီးခိုးထုတ်လွှတ်မှု အစီရင်ခံခြင်း

သင့်တွင် အတွင်းလောင်အင်ဂျင်ရှိသော ကားတစ်စီးရှိပြီး တရားဝင် Volvo ဝေါ့ရှော့ သို့မဟုတ် ဝန်ဆောင်မှုလက်တွဲဖော်တစ်ဦးထံ သွားရောက်ပါက ၎င်းတို့သည် သင့်ကားမှ ဒေတာများကို ကောက်ခံပြီး သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အစီရင်ခံရန်အတွက် ကျွန်ုပ်တို့ထံ ပေးပို့သွားမည်ဖြစ်သည်။ ဤကောက်ခံမှုအား ခွင့်မပြုကြောင်း လက်လီဝန်ဆောင်မှုပေးအပ်သူထံ သင်အသိပေးသောအခါမှလွဲ၍ သင့်ကားပြင်သည့်အခါတိုင်း အချက်အလက်များ ကောက်ခံသွားမည်ဖြစ်သည်။

ကောက်ခံထားသည့် ဒေတာမှာ-

  • ကားမှတ်ပုံတင် အမှတ် (VIN)
  • ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့်သက်ဆိုင်သော အချက်အလက်များ - သုံးစွဲထားသော လောင်စာဆီစုစုပေါင်း (တစ်သက်တာ)၊ မောင်းနှင်ထားသော အကွာအဝေးစုစုပေါင်း (တစ်သက်တာ)၊ ဘက်ထရီသို့ သွင်းထားသည့် ဂရစ်စွမ်းအင်စုစုပေါင်း (တစ်သက်တာ) - သက်ဆိုင်ရာ ဥပဒေအောက်တွင် လိုအပ်သလို အဆင့်ခွဲခြမ်းမှုများစွာရှိနိုင်ပါသည်။

အထက်ဖော်ပြပါ ဒေတာအား ကျွန်ုပ်တို့ ပရော်ဆက်လုပ်နိုင်စေသည့် ဥပဒေနှင့်ကိုက်ညီသော အကြောင်းခံမှာ ကျွန်ုပ်တို့၏ ဥပဒေရေးရာ ၀တ္တရားများကို ပြည့်မီအောင်လုပ်ရန် ဖြစ်ပါသည်။

အထက်ပါအချက်အလက်များကို ဒေတာအား အစီရင်မခံခင်အထိ သိမ်းဆည်းထားပါသည်။

2.6 ဥပဒေအာဏာသက်ရောက်ရေး တောင်ခံမှုများ

ရာဇဝတ်မှုတစ်ခု ကျူးလွန်ကြောင်း သံသယရှိသောအခါတွင် သို့မဟုတ် တရားစွဲဆိုမှုများမှ ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ ကာကွယ်ရန် သို့မဟုတ် တရားစွဲဆိုမှုများ ပြုလုပ်ရန် လိုအပ်လာသောအခါတွင် တရားဥပဒေအရ လိုအပ်သည့် ၀တ္တရားကို ကျေပွန်စေရန်အတွက်ကြောင့် သို့မဟုတ် ဒေတာပေးအပ်ခြင်းသည် ကျွန်ုပ်တို့၏ တရားဝင်အကျိုးစီးပွားကို ဖြစ်ထွန်းစေသောကြောင့် တရားဥပဒေ စိုးမိုးရေး အာဏာပိုင်များ (ဥပမာ- ရဲ၊ တရားရုံးများ) ထံ ကိုယ်ရေးဒေတာများကို ဝေမျှပေးရန် လိုအပ်နိုင်ပါသည် သို့မဟုတ် ဝေမျှကောင်းဝေမျှပေးပါမည်။

ကျွန်ုပ်တို့သည် တရားဥပဒေ စိုးမိုးရေး အာဏာပိုင်များထံ လိုအပ်သည့် အနည်းဆုံးသော ကိုယ်ရေးဒေတာများကိုသာ ပေးအပ်ပါသည်။ ကျွန်ုပ်တို့ ပေးအပ်နိုင်သော ဒေတာအမျိုးအစား ဥပမာတစ်ခုမှာ VIN နံပါတ် သို့မဟုတ် IMEI နံပါတ်နှင့် ချိတ်ဆက်ထားသော ကားအစိတ်အပိုင်း၏ အမှတ်စဉ်

သင့်ပုဂ္ဂိုလ်ရေးဒေတာအား ဝေမျှခြင်း

ကျွန်ုပ်တို့၏ လုပ်ငန်းအား လည်ပတ်ရန်၊ သင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် သင့်ထံ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်ရန်အတွက် အဖွဲ့အစည်းအမျိုးမျိုးထံ ဒေတာများကို ကျွန်ုပ်တို့ ဝေမျှပေးပါသည်။ အဆိုပါအခြေအနေများကို အောက်တွင် ဖော်ပြထားပါသည်။

ထိုအဖွဲ့အစည်းများကို ကျွန်ုပ်တို့၏ 'ပစ္စည်းပေးသွင်းသူများ'၊ 'လုပ်ဆောင်ပေးသူများ' နှင့် 'လုပ်ဆောင်ပေးသူအခွဲများ' ဟု ရည်ညွှန်းသည့်နေရာများတွင် အဆိုပါအဖွဲ့အစည်းတစ်ခုစီသည် သင့်ပုဂ္ဂိုလ်ရေးဒေတာများကို ကျွန်ုပ်တို့ထံ ဝန်ဆောင်မှုများ ပေးအပ်ရာတွင် သို့မဟုတ် ကျွန်ုပ်တို့ကိုယ်စား ပေးအပ်ရာတွင် ကျွန်ုပ်တို့ညွှန်ကြားထားသည့်အတိုင်း အသုံးပြုနိုင်သည့်အခါမှလွဲ၍ အခြားရည်ရွယ်ချက်များအတွက် ထိုဒေတာများကို ၎င်းတို့အသုံးပြုနိုင်စွမ်းအား စာချုပ်ဖြင့် ကန့်သတ်ထားပါသည်။ ဖြစ်ရပ်တစ်ခုစီတွင် သက်ဆိုင်ရာ ရည်ရွယ်ချက်ကို ပြည့်မီနိုင်ရန်အတွက် လိုအပ်သည်ဟု ကျွန်ုပ်တို့ထင်မြင်သော တယ်လီမက်တစ်ဒေတာများ အပါအဝင် ပုဂ္ဂိုလ်ရေးဒေတာများကိုသာ ဝေမျှပေးပါသည်။

Volvo Cars နှင့် ၎င်း၏ လုပ်ဆောင်ပေးသူအခွဲများအတွင်းရှိ အခြားအုပ်စုကုမ္ပဏီများ

  • အသုံးပြုသူဝန်ဆောင်မှု၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်မှုနှင့် လုပ်ငန်းအထောက်အပံ့နှင့် ဒေတာသိမ်းဆည်းမှုအတွက် IT စနစ်များ ပေးအပ်မှုတို့ကြောင့် ပုဂ္ဂိုလ်ရေးဒေတာများကို အခြားအုပ်စုကုမ္ပဏီများထံ လွှဲပြောင်းပေးရခြင်းဖြစ်သည်။

IT-ထောက်ပံ့ပေးသွင်းသူများနှင့် ၎င်းတို့၏ လုပ်ဆောင်ပေးသူအခွဲများ

  • ဆော့ဖ်ဝဲနှင့် ဒေတာသိမ်းဆည်းမှုဆိုင်ရာ ထောက်ပံ့ပေးသွင်းသူများကဲ့သို့သော ကျွန်ုပ်တို့ထံ အထွေထွေ လုပ်ငန်းထောက်ပံ့ရေးစနစ်များကို ပေးအပ်သည့် IT-ထောက်ပံ့ပေးသွင်းသူများထံ ပုဂ္ဂိုလ်ရေးဒေတာများကို လွှဲပြောင်းပေးပါသည်။

တရားဥပဒေ စိုးမိုးရေး အာဏာပိုင်များ (ဥပမာ- ရဲ၊ တရားရုံးများ)

  • ရာဇဝတ်မှုတစ်ခု ကျူးလွန်ကြောင်း သံသယရှိသောအခါတွင် သို့မဟုတ် တရားစွဲဆိုမှုများမှ ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ ကာကွယ်ရန် သို့မဟုတ် တရားစွဲဆိုမှုများ ပြုလုပ်ရန် လိုအပ်လာသောအခါတွင် တရားဥပဒေအရ လိုအပ်သည့် ၀တ္တရားကို ကျေပွန်စေရန်အတွက်ကြောင့် သို့မဟုတ် ဒေတာပေးအပ်ခြင်းသည် ကျွန်ုပ်တို့၏ တရားဝင်အကျိုးစီးပွားကို ဖြစ်ထွန်းစေသောကြောင့် တရားဥပဒေ စိုးမိုးရေး အာဏာပိုင်များ (ဥပမာ- ရဲ၊ တရားရုံးများ) ထံ ကိုယ်ရေးဒေတာများကို ဝေမျှပေးရန် လိုအပ်နိုင်ပါသည် သို့မဟုတ် ဝေမျှကောင်းဝေမျှပေးပါမည်။

အခြားဝန်ဆောင်မှုပေးအပ်သူများ (မိုဘိုင်းလ် နက်ဝေါ့အော်ပရေတာများ၊ ချိတ်ဆက်မှုပေးအပ်သူများနှင့် အားဖြည့်ရေး အော်ပရေတာများ ကဲ့သို့သော)

  • ချို့ယွင်းချက်အား ခြေရာခံလိုက်ခြင်းနှင့် ဝန်ဆောင်မှုတိုးတက်ရေး ရည်ရွယ်ချက်များအတွက် ဝန်ဆောင်မှုများကို ဖွင့်ပေးရန် ကားနှင့် စာရင်းပေးသွင်းမှု အချက်အလက်များမှ သတင်းအချက်များကို ဝေမျှပေးနိုင်ပါသည်။

သင်ခွင့်ပြုပေးထားသည့် မည်သည့်အဖွဲ့အစည်း/ပုဂ္ဂိုလ်မဆို

  • ဥပမာအနေဖြင့် သင့်အတွက် အာမခံကျသင့်ငွေတစ်ခု ပြင်ဆင်တွက်ချက်ပေးရန်အတွက် အာမခံကုမ္ပဏီကဲ့သို့သော ပြင်ပအဖွဲ့အစည်းတစ်ခုထံ ကားဒေတာများကို ဝေမျှပေးရန် ကျွန်ုပ်တို့ကို သင်တောင်းဆိုနိုင်ပါသည်။

ပြင်ပ ကားပိုင်ရှင်များ

  • ဥပမာအနေဖြင့် မော်တော်ယာဉ်အစု စီမံခန့်ခွဲရေး ကုမ္ပဏီ သို့မဟုတ် ကားအငှား ကုမ္ပဏီများသည် သူတို့ပိုင်ဆိုင်သော သို့မဟုတ် စီမံခန့်ခွဲသော ယာဉ်များအတွက် တည်နေရာဒေတာ အပါအဝင် ကားနှင့် သင့်မောင်းနှင်မှုက ထုတ်လုပ်လိုက်သော ​ဒေတာများကို ပရောဆက်လုပ်ကောင်းလုပ်နိုင်ပါသည်။

လက်လီအရောင်းဆိုင်များ၊ ကားပြင်ဆိုင်များ၊ ဝေါ့ရှော့များ

  • ဝန်ဆောင်မှုများ ပေးအပ်ခြင်း၊ ချို့ယွင်းချက်အား ခြေရာခံလိုက်ခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် ပုဂ္ဂိုလ်ရေးဒေတာအား လွှဲပြောင်းပေးပါသည်။

4. သင့်အခွင့်အရေးများနှင့် ထိန်းချုပ်နိုင်မှုများ

သင့်အကြောင်း ကျွန်ုပ်တို့ ပရောဆက်လုပ်သည့် ပုဂ္ဂိုလ်ရေးဒေတာများနှင့်ဆက်စပ်၍ ဥပဒေရေးရာ အခွင့်အရေးအချို့ သင့်တွင်ရှိပါသည်။ သင်တည်ရှိသော တရားစီရင်စုနှင့် ပရောဆက်လုပ်ဆောင်မှု၏ သဘာ၀အပေါ်မူတည်၍ အခွင့်အရေးများသည် ကွဲပြားနိုင်ပါသည်။ ယေဘုယျအားဖြင့် အောက်ပါတို့ကို သင်လုပ်ပိုင်ခွင့်ရှိပါသည် -

  • သင့်ခွင့်ပြုချက်အား ရုပ်သိမ်းခြင်း
  • သင့်ဒေတာများအား ကျွန်ုပ်တို့ ပရောဆက်လုပ်ရန် လက်မခံခြင်း
  • ကျွန်ုပ်တို့တွင် သင်နှင့်ပတ်သက်၍ ထားရှိသော ဒေတာများ၏ မိတ္တူတစ်စောင်ကို တောင်းဆိုခြင်း (ကာယကံရှင်၏ ရယူပိုင်ခွင့်)
  • အခြားအဖွဲ့အစည်းထံ ဒေတာအား လွှဲပြောင်းပေးရန် တောင်းဆိုခြင်း (ဒေတာရွှေ့ပြောင်းရလွယ်ကူမှု)
  • ဒေတာများအား အမှန်ပြင်ဆင်ပေးရန် သို့မဟုတ် ကန့်သတ်ရန် တောင်းဆိုခြင်း
  • ဒေတာများအား ပယ်ဖျက်ပေးရန် တောင်းဆိုခြင်း (မေ့ဖျောက်ခံရပိုင်ခွင့်)

ဖော်ပြထားသည့်အတိုင်း အဆိုပါအခွင့်အရေးများကို အကြွင်းမဲ့ မရယူနိုင်ဘဲ အချို့အခြေအနေများတွင် ဒေတာကာကွယ်ရေးဥပဒေသည် ၎င်းတို့၏ အကျုံးဝင်မှုကို ကန့်သတ်ပါသည်။ ကျွန်ုပ်တို့ထံ သင်ပြုလုပ်သော တောင်းဆိုမှုသည် ထိုသို့ အကန့်သတ်ခံရပါက သင့်တောင်းဆိုချက်ကို အဘယ်ကြောင့် မလုပ်ဆောင်ပေးနိုင်ကြောင်းကို ကျွန်ုပ်တို့အမြဲရှင်းပြပါမည်။

အခွင့်အရေးဆိုင်ရာ တောင်းဆိုချက်တစ်ခုကို သင်တင်သွင်းလိုပါက ဤ ဖောင်ပုံစံ အား ဖြည့်စွက်၍ ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ သင်မည်သူဖြစ်ကြောင်း အထောက်အထားကို အတည်ပြုရန်နှင့် သင့်တောင်းဆိုချက်ကို ထိရောက်စွာ လုပ်ဆောင်ပေးနိုင်ရန်အတွက် ကျွန်ုပ်တို့လိုအပ်သော အချက်အလက်များကို ဤဖောင်ပုံစံက ပေးအပ်သောကြောင့် ၎င်းအား အသုံးပြုရန် ကျွန်ုပ်တို့ လေးစားစွာ တောင်းဆိုအပ်ပါသည်။ သို့ရာတွင် သင်သည် ဖောင်အား အသုံးမပြုလိုပါက နောက်အပိုင်းတွင် ဖော်ပြထားသော ဆက်သွယ်ရန်အချက်အလက်ကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပြီး သင့်တောင်းဆိုချက်ကို တင်သွင်းနိုင်ပါသည်။

သင့်ပုဂ္ဂိုလ်ရေးဒေတာအား ကျွန်ုပ်တို့အသုံးပြုပုံနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိပါက သင့်ဒေသန္တရ ဒေတာကာကွယ်ရေး အာဏာပိုင်ထံ မကျေနပ်ချက်တိုင်ကြားခွင့်လည်း သင့်တွင်ရှိပါသည်။ သို့ရာတွင် သင့်စိုးရိမ်မှုများကို ကျွန်ုပ်တို့ထံ ဦးစွာအသိပေးပြီး အတူတကွ ပူးပေါင်းဖြေရှင်းခွင့်ပေးအပ်ပါက ကျွန်ုပ်တို့ဘက်မှ ကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့၏ ဆက်သွယ်ရန်အချက်အလက်များကို အောက်တွင်ရှာဖွေနိုင်ပါသည်။

5. ဆက်သွယ်ရန် အချက်အလက်

သင့်ပုဂ္ဂိုလ်ရေးဒေတာအား ကျွန်ုပ်တို့အသုံးပြုပုံနှင့်ပတ်သက်၍ မေးခွန်းများရှိပါက dataprotection@volvocars.com သို့ အီးမေးလ်ပေးပို့၍ဖြစ်စေ၊ အောက်တွင်ဖော်ပြထားသည့် Volvo Car Corporation ဒေတာကာကွယ်ရေးအရာရှိထံမှတစ်ဆင့်ဖြစ်စေ ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည် -

စာပို့ရန် လိပ်စာ- Volvo Car Corporation၊ စာလက်ခံသူ - ဒေတာကာကွယ်ရေး အရာရှိ၊ dep 50099၊ VAK၊ 405 31 Gothenburg၊ Sweden။

အီးမေးလ်- globdpo@volvocars.com

6. ဤသတိပေးချက်တွင် အပြောင်းအလဲများ

ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်လျက်ရှိပြီး ရလဒ်အနေဖြင့် ဤပုဂ္ဂိုလ်ရေးအသိပေးချက်ကို ပြန်လည်သုံးသပ်၍ မွမ်းမံသွားပါမည်။ သို့ဖြစ်ပါ၍ ဤပုဂ္ဂိုလ်ရေးအသိပေးချက်ကို ပုံမှန်ပြန်လည်ဖတ်ရှုရန် သင့်အားတိုက်တွန်းပါသည်။ ဤပုဂ္ဂိုလ်ရေးအသိပေးချက်၏ ထိပ်ဆုံးရှိရက်စွဲသည် ၎င်းအား နောက်ဆုံးမွမ်းမံခဲ့သည့်အချိန်ကို ဖော်ပြပါသည်။ ကျွန်ုပ်တို့သည် သင့်ပုဂ္ဂိုလ်ရေးဒေတာကို အခြားနည်းဖြင့် ကိုယ်တွယ်ရန် သင့်ထံမှ ခွင့်ပြုချက်မရလျှင် ၎င်းတို့အား ကောက်ခံခဲ့ရာတွင် ပေးအပ်ထားသည့် ပုဂ္ဂိုလ်ရေးအသိပေးချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုင်တွယ်သွားမည်ဖြစ်သည်။