ပုဂ္ဂိုလ်ရေးလုံခြုံမှု အသိပေးချက် - Volvo Cars App
စတင်အကျုံးဝင်သည့်ရက်စွဲ-
ထုတ်ဝေဖြန့်ချိသည့်နေရာ-
ကြိုဆိုပါတယ်။
ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးလုံခြုံမှုကို အလေးအနက်ထား၍ ကာကွယ်ပေးပြီး ပွင့်လင်းမြင်သာ ရှိလိုသည့်အပြင် သင့်ကိုယ်ရေးအချက်အလက်များအား ကျွန်ုပ်တို့က အသုံးပြုပုံနှင့် ပတ်သက်သည့် အချက်အလက်များကို သင့်အား ပံ့ပိုးပေးလိုပါသည်။ ရှင်းလင်းစွာ ဖော်ပြထားသော ရည်ရွယ်ချက်များအတွက်နှင့် သင်၏ ဒေတာကာကွယ်ရေးဆိုင်ရာ ရပိုင်ခွင့်များနှင့်အညီသာလျှင် သင့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က အသုံးပြုပါမည်။
ကိုယ်တိုင်ကိုယ်ကျဖြစ်သော၊ စဉ်ဆက်မပြတ်ရနိုင်ပြီး ဘေးကင်းသော နည်းလမ်းတစ်ခုဖြင့် ရွေ့လျားသွားလာရန် သင့်အား လွတ်လပ်မှုကို ပံပိုးနိုင်အောင် ကျွန်ုပ်တို့က ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အဆက်မပြတ် ချဲ့ထွင်ဖန်တီးပေးပါသည်။ ယင်းသို့သော ထုတ်ကုန်များ ရရှိနိုင်လာသဖြင့် ကျွန်ုပ်တို့က သင့်အား ရှင်းလင်းတိကျစွာ အကြောင်းမကြားပါက ၎င်းတို့သည်လည်း ဤသတိပေးချက်ပါအတိုင်း ဖြစ်ပါလိမ့်မည်။
ဤသတိပေးချက်သည် Volvo Cars (အောက်တွင် ဖော်ပြထားသည့်အတိုင်း) က ပံ့ပိုးပေးသော မိုဘိုင်းအပလီကေးရှင်းတစ်ခုကို သင်က အသုံးပြုချိန်၌ Volvo Cars (ဤနေရာ၏ နောက်ပိုင်းတွင် စုပေါင်း၍ “Volvo Cars App”ဟု ဖော်ပြပါမည်) က သင့်ကိုယ်ရေးအချက်အလက်များအား မည်သို့စီမံဆောင်ရွက်ပုံကို ဖော်ပြပေးသည်။
Volvo Cars App မှ အခြားသော မိုဘိုင်းအပလီကေးရှင်း သို့မဟုတ် ဝဘ်ဆိုက်သို့ သင်က ပြန်ညွှန်းပေးသည့် အတိုင်းအတာပေါ်မူတည်ပြီး ယင်းသို့သော မိုဘိုင်း အပလီကေးရှင်း သို့မဟုတ် ဝဘ်ဆိုက်တွင် ကိုယ်ရေး အချက်အလက်များ စီမံဆောင်ရွက်ခြင်းအတွက် ယင်းမိုဘိုင်းအပလီကေးရှင်း သို့မဟုတ် ဝဘ်ဆိုက်ပံ့ပိုးပေးသူတွင် တာဝန်ရှိကြောင်း ကျေးဇူးပြု၍ မှတ်သားထားပေးပါ။
Volvo Cars App တွင် များစွာသော လုပ်ဆောင်နိုင်စွမ်းများရှိရာ အောက်တွင် ရှင်းပြထားသည့်အတိုင်း ယင်းတို့သည် ကိုယ်ရေး အချက်အလက်များ စီမံဆောင်ရွက်ခြင်း အမျိုးအစားစုံ လိုအပ်ခြင်းကို ဖြစ်ပေါ်စေပါသည်။ ရရှိနိုင်သော လုပ်ဆောင်နိုင်စွမ်းများမှာ သင်၏ စျေးကွက်နှင့် သင့်တွင်ရှိသော စာရင်းပေးသွင်း မှာယူထားမှု အမျိုးအစားတို့ပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် အောက်ဖော်ပြပါ လုပ်ဆောင်ချက်များအချို့သည် သင်နှင့် မသက်ဆိုင်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။
ဤကိုယ်ရေးလုံခြုံမှု သတိပေးချက်တွင် အောက်ပါတို့နှင့် စပ်လျဉ်းသော အချက်အလက်များကို သင်က ရှာတွေ့နိုင်သည်-
1. ကျွန်ုပ်တို့က ဘယ်သူတွေလဲ
အောက်တွင် ရည်ညွှန်းထားသည့် ကိုယ်ရေးအချက်အလက်များ စီမံဆောင်ရွက်ခြင်းအတွက် တာဝန်ရှိသည့်အဖွဲ့အစည်းမှာ Volvo Car Corporation ဖြစ်ပြီး ၎င်း၏ မှတ်ပုံတင်ထားသည့် ရုံးမှာ Assar Gabrielssons Väg, SE-405 31 Gothenburg, Sweden, ကုမ္ပဏီ မှတ်ပုံတင်အမှတ် 556074-3089 ဖြစ်ပြီး ဤနေရာ၏ နောက်ပိုင်းတွင် “Volvo Cars”၊ “ကျွန်ုပ်တို့သည်”၊ “ကျွန်ုပ်တို့၏” ဟု ရည်ညွှန်းသွားမည်။ အကယ်၍ ပူးတွဲထိန်းချုပ်သူများဟုခေါ်သော သီးခြားရပ်တည်သောအဖွဲ့အစည်းများသည် ကျွန်ုပ်တို့နှင့်အတူတကွ ကိုယ်ရေး အချက်အလက်များကို စီမံဆောင်ရွက်ပါက ယင်းအားသီးခြားဖော်ပြပါမည်။
2. စီမံဆောင်ရွက်သော ကိုယ်ရေး အချက်အလက်များ၊ အဘယ့်ကြောင့်ဆိုသည်နှင့် မည်မျှကြာကြောင်း
ဤအပိုင်း 2 တွင် ကျွန်ုပ်တို့က ကိုယ်ရေး အချက်အလက်များကို စီမံဆောင်ရွက်ရသည့် အကြောင်းရင်းများ၊ မည်သည့် ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့က စီမံဆောင်ရွက်ကြောင်း၊ ယင်းသို့သော စီမံဆောင်ရွက်ခြင်းအတွက် ဥပဒေဆိုင်ရာအခြေခံနှင့် ယင်းသို့သော ဒေတာများကို မည်မျှကြာအောင် သိမ်းထားမည်ဆိုသည်တို့ကို ကျွန်ုပ်တို့က ဖော်ပြထားပါသည်။
2.1 Volvo Cars App အား သင်အသုံးပြုသောအခါ
သဘောတူညီချက်ကို အခြေခံ၍ စီမံဆောင်ရွက်ခြင်းအတွက် အောက်တွင် ဖော်ပြထားသည့်အတိုင်း Volvo Cars App ထဲတွင် “ကိုယ်ရေးလုံခြုံမှု ဆက်တင်များ” အောက်ရှိ သင့်ပရိုဖိုင်တွင် သင်၏ ဦးစားပေးများကို ပြောင်းလဲခြင်းဖြင့် သင့်သဘောတူညီချက်ကို သင်က အချိန်မရွေး ရုပ်သိမ်းနိုင်ပါသည်။
သင့်ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့က ဘာ့ကြောင့် သုံးရသလဲ ('ရည်ရွယ်ချက်') | ကျွန်ုပ်တို့ အသုံးပြုသော ကိုယ်ရေး အချက်အလက်များ | ဥပဒေကြောင်းအရ လိုအပ်ခြင်း | ထိန်းသိမ်းထားခြင်း (ဒေတာကို ကျွန်ုပ်တို့က မည်မျှကြာအောင် သိမ်းမည်) |
---|---|---|---|
Volvo Cars App ၏ လုပ်ဆောင်ချက်များ ဆောင်ရွက်သည့်အပိုင်းကို စောင့်ကြည့်ခြင်းနှင့် လိုအပ်သည့်အခါတွင် ပြဿနာဖြေရှင်းခြင်း။ |
| ကျွန်ုပ်တို့၏ တရားဝင်ဖြစ်သော အကျိုးစီးပွားမှာ Volvo Cars App ကို ဘေးကင်းစိတ်ချရပြီး အသုံးပြုနိုင်စွမ်းရှိစွာဖြင့် သင့်အား ပံ့ပိုးပေးရန်ဖြစ်သည်။ | ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်များကို စုဆောင်းသည့်ရက်မှသည် 30 ရက်ကြာအောင် ဆက်လက်ထိန်းသိမ်းထားပါမည်။ |
သုံးစွဲသူ အမူအကျင့်ကို ပိုမို နားလည်မှု ရရှိအောင် Volvo Cars App နှင့် ဆက်စပ်ဝန်ဆောင်မှုများကို သုံးစွဲပုံအား တိုင်းတာရန်၊ Volvo Cars App နှင့် ယင်းတွင် ပံ့ပိုးပေးထားသော ဝန်ဆောင်မှုများ၏ အသုံးပြုနိုင်စွမ်းနှင့် အားထားရနိုင်စွမ်းကို မြှင့်တင်ရန်၊ Volvo Cars App ၏ ချွတ်ယွင်းမှုများကို လျှော့ချရန်တို့အပြင် စဉ်ဆက်မပြတ် တိုးတက်မှုရစေရန်အတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား မည်သို့မည်ပုံသုံးကြသည်ကို သိမြင်နားလည်နိုင်စွမ်းများ ရလာစေရန်။ |
| သင်၏ သဘောတူညီချက်။ | ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်များကို စုဆောင်းသည့်ရက်မှသည် 14 လကြာအောင် ဆက်လက်ထိန်းသိမ်းထားပါမည်။ အချို့သော ကိစ္စရပ်များတွင် App Instance ID ခွဲခြားချက်များကို Volvo Cars App သက်တမ်းကာလအတိုင်း စက်ပေါ်တွင် သိမ်းထားပါမည်။ |
(ဒစ်ဂျစ်တယ်သုံး စာရင်းကြိုပေးခြင်း ကဲ့သို့သော) ဝန်ဆောင်မှုများကို မြှင့်တင်ရန်နှင့် လိုအပ်သည့်နေရာတွင် ပြဿနာကို ဖြေရှင်းရန် |
| Volvo Cars ၏ တရားဝင် အကျိုးစီးပွားမှာ ပြဿနာများနှင့် ချွတ်ယွင်းမှုများကို ဖြေရှင်းပြီးကြောင်းနှင့် Volvo Cars မှ ပံ့ပိုးပေးသော ဝန်ဆောင်မှုများကို ဆန်းစစ်ကာ မြှင့်တင်ပေးရန်တို့ကို သေချာအောင်လုပ်ရန်ဖြစ်သည်။ | ကျွန်ုပ်တို့သည် စုဆောင်းထားသည်များမှ သင့်ကိုယ်ရေးအချက်အလက်များကို မည်သူမည်ဝါ မခွဲခြားနိုင်အောင်လုပ်ပြီး (5) နှစ်ကြာ ထိန်းသိမ်းထားပါမည်။ |
2.2 သင်၏ စာရင်းပေးသွင်း မှာယူမှုများနှင့် အဝေးမှ ယာဉ် ဝန်ဆောင်မှုများ
Volvo Cars အဝေးမှ ယာဉ် ဝန်ဆောင်မှုများ သို့မဟုတ် အခြားသော Volvo နှင့် ချိတ်ဆက်ထားသော ဝန်ဆောင်မှုများအတွက် သင်က စာရင်းပေး မှာယူမှုတစ်ခု ရှိလျှင် Volvo Cars App တွင် ဤဝန်ဆောင်မှုကို သင်က သက်တမ်းတိုးခွင့် ရရှိနိုင်ပါသည်။
ဝန်ဆောင်မှု | သင့်ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့က ဘာ့ကြောင့် သုံးရသလဲ ('ရည်ရွယ်ချက်') | ကျွန်ုပ်တို့ အသုံးပြုသော ကိုယ်ရေး အချက်အလက်များ | ဥပဒေကြောင်းအရ လိုအပ်ခြင်း | ထိန်းသိမ်းထားခြင်း (ဒေတာကို ကျွန်ုပ်တို့က မည်မျှကြာအောင် သိမ်းမည်) |
---|---|---|---|---|
အဝေးမှ ယာဉ်ဝန်ဆောင်မှုများ သို့မဟုတ် အခြားသော Volvo Cars နှင့် ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုများကဲ့သို့သော စာရင်းပေးသွင်း မှာယူမှုများ |
|
| ကျွန်ုပ်တို့နှင့် သင်က ချုပ်ဆိုထားသော စာချုပ်၏ စွမ်းဆောင်ရည်အတွက် ဤစီမံဆောင်ရွက်မှု လိုအပ်ပါသည်။ | သင်၏ နောက်ဆုံး စာရင်းပေးသွင်းမှာယူမှု သက်တမ်းကုန်သွားပြီးနောက် သင်က ပြန်လည်စာရင်းပေးသွင်း မှာယူရန်ကို ရွေးချယ်လျှင် ဝန်ဆောင်မှုဆက်လက်ရရှိနိုင်စေရန် သို့မဟုတ် သင့်အတွက် ငွေတောင်းခံလွှာများ/ ပြေစာများကို ဝင်သုံးရန် သင့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က 90 ရက်ကြာ ထိန်းသိမ်းထားပါမည်။ စာရင်းအင်းနှင့် ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များကို လိုက်နာရမည့် ကျွန်ုပ်တို့၏ ဥပဒေကြောင်းဆိုင်ရာ တာဝန်ဝတ္တရားကြောင့် သင်၏ ဝယ်ယူမှုနှင့် သက်ဆိုင်သော ဒေတာများကို တစ်ဆယ် (10) နှစ်ကြာအောင် ကျွန်ုပ်တို့က မှတ်တမ်းထိန်းသိမ်းထားပါမည်။ |
အဝေးမှ ယာဥ် ဝန်ဆောင်မှုများ | သင်၏ ယာဉ်ကို အဝေးမှ ထိန်းချုပ်နိုင်စွမ်းကဲ့သို့သော Volvo Cars အဝေးမှ ယာဉ် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် (ဥပမာ- ကြိုတင်၍ အဲကွန်းဖွင့်ထားခြင်း၊ တံခါးများကို သော့ဖွင့်ခြင်း/သော့ခတ်ခြင်း၊ အင်ဂျင်အား အဝေးမှ စက်နှိုးခြင်း/စက်သတ်ရပ်တန့်ခြင်း၊ လက်ရှိ ပြင်ပ အပူချိန်၊ သူခိုးရန်ကာကွယ်ရေး နှိုးဆော်သတိပေးချက် လက်ခံရရှိခြင်း)၊ သင့်ယာဉ်၏ အခြေအနေကို ကြည့်နိုင်ခြင်း (ဥပမာ- လောင်စာဆီ ပမာဏ၊ လေကာမှန်ဆေးရည် ပမာဏ၊ ဘရိတ်ဆီ ပမာဏများ၊ တံခါးသော့ အခြေအနေ၊ တာယာ လေဖိအား သို့မဟုတ် ပြုပြင်ထိန်းသိမ်းမှုလုပ်ရန် သတိပေးချက်များ၊ ဘက်ထရီ အခြေအနေ သို့မဟုတ် ယာဉ်၏ အခြေအနေကို ပြသည့် အခြားသော အချက်ပြမီးများ)။ |
| ကျွန်ုပ်တို့နှင့် သင်က ချုပ်ဆိုထားသော စာချုပ်၏ စွမ်းဆောင်ရည်အတွက် ဤစီမံဆောင်ရွက်မှု လိုအပ်ပါသည်။ | သင့် Volvo Cars ၏ အဝေးမှ ယာဉ် ဝန်ဆောင်မှုများဆိုင်ရာ စာရင်းပေးသွင်း မှာယူမှုကာလ အဆုံးသတ်သည့်အခါ သင်၏ ကိုယ်ရေး အချက်အလက်များအပါအဝင် ဤဝန်ဆောင်မှုနှင့်ချိတ်ဆက်နေသည့် အသေးစိတ်အချက်အလက်များကို ရက်ပေါင်း (90) ကြာပြီးနောက် ဖျက်ပစ်သွားမည်။ Volvo Cars အား စာရင်းပေးသွင်းခြင်းသည် ယာဉ်နှင့်တွဲလျက် ပါဝင်ကြောင်း မှတ်သားထားပေးပါ။ ထို့ကြောင့် ပိုင်ဆိုင်မှု အပြောင်းအလဲ တစ်ခုရှိပါက ရောင်းချသူတစ်ဦးအနေဖြင့် သင်သည် သင်၏ ယာဉ်ကို Volvo Cars အက်ပ်နှင့် ချိတ်ဆက်မှု ဖြတ်တောက်ကာ သင်၏ ဒေတာများကို ဖျက်ပစ်ရန် တာဝန်ရှိပါသည်။ ယင်းအချက်သည် သင်က ယာဉ်ကို အငှားချထားသည့်အခါမျိုးတွင် မှတ်ပုံတင်ထားသော မူလယာဥ်မောင်းအတွက်လည်း အကျုံးဝင်သည်။ ညွှန်ကြားချက်ကြည့်ရန်ဤလင့်ခ် အတိုင်း လိုက်နာပါ။ |
သင်၏ အဆက်အသွယ် စာရင်း၊ ပြက္ခဒိန်များပါ ပွဲအစီအစဉ်များ သို့မဟုတ် ရှာဖွေမှု ရလဒ်များကို အခြေခံပြီး သင့်ဖုန်းမှ သင်၏ ယာဉ်အား ယာဉ်တည်နေရာလှမ်းကြည့်ရန် သင့်အတွက် လွယ်ကူသည့်နည်းလမ်းတစ်ခုကို ပံ့ပိုးပေးရန် |
| သင့်စက် ဆက်တင်များမှတဆင့် သင်၏ သဘောတူညီချက်/ခွင့်ပြုချက်။ | သင်၏ နောက်ဆုံး စာရင်းပေးသွင်းမှာယူမှု သက်တမ်းကုန်သွားပြီးနောက် သင်က ပြန်လည်စာရင်းပေးသွင်း မှာယူရန်ကို ရွေးချယ်လျှင် ဝန်ဆောင်မှုဆက်လက်ရရှိနိုင်စေရန် သို့မဟုတ် သင့်အတွက် ငွေတောင်းခံလွှာများ/ ပြေစာများကို ဝင်သုံးရန် သင့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က 90 ရက်ကြာ ထိန်းသိမ်းထားပါမည်။ စာရင်းအင်းနှင့် ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များကို လိုက်နာရမည့် ကျွန်ုပ်တို့၏ ဥပဒေကြောင်းဆိုင်ရာ တာဝန်ဝတ္တရားကြောင့် သင်၏ ဝယ်ယူမှုနှင့် သက်ဆိုင်သော ဒေတာများကို တစ်ဆယ် (10) နှစ်ကြာအောင် ကျွန်ုပ်တို့က မှတ်တမ်းထိန်းသိမ်းထားပါမည်။ | |
သင့်ယာဉ်အတွက် ပြုပြင်ထိန်းသိမ်းမှုနှင့် ဝန်ဆောင်မှု သတိပေးချက်များ | သင့်ယာဉ်အတွက် လာမည့် ပြုပြင်ထိန်းသိမ်းမှုအပြင် ဝန်ဆောင်မှု သတိပေးချက်များနှင့်ပတ်သက်ပြီး Volvo Cars App အတွင်း မက်ဆေ့ဂျ်သုံး အသိပေးချက်များကို ပို့ရန် |
ဟိုက်ဘရစ်နှင့် အပြည့်အဝ လျှပ်စစ်ကားများအတွက် ကျွန်ုပ်တို့ သိမ်းဆည်းသည်တို့မှာ-
| သင်နှင့်ကျွန်ုပ်တို့ ချုပ်ဆိုထားသောစာချုပ်၏ စွမ်းဆောင်ရည်အတွက် ဤစီမံဆောင်ရွက်မှု လိုအပ်သည်၊ စီမံဆောင်ရွက်ခြင်းကို သင်က သဘောတူသလား၊ မတူဘူးလား သီးခြားမေးမြန်းခံရသော အခြေအနေများအတွက် ကာကွယ်ပေးပြီး ယင်းသို့သော ကိစ္စရပ်မျိုးတွင် စီမံဆောင်ရွက်မှုသည် သင်၏ သဘောတူညီချက်ပေါ်တွင် အခြေခံသည်။ | သင်၏ နောက်ဆုံး စာရင်းပေးသွင်းမှာယူမှု သက်တမ်းကုန်သွားပြီးနောက် သင်က ပြန်လည်စာရင်းပေးသွင်း မှာယူရန်ကို ရွေးချယ်လျှင် ဝန်ဆောင်မှုဆက်လက်ရရှိနိုင်စေရန် သို့မဟုတ် သင့်အတွက် ငွေတောင်းခံလွှာများ/ ပြေစာများကို ဝင်သုံးရန် သင့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က 90 ရက်ကြာ ထိန်းသိမ်းထားပါမည်။ စာရင်းအင်းနှင့် ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များကို လိုက်နာရမည့် ကျွန်ုပ်တို့၏ ဥပဒေကြောင်းဆိုင်ရာ တာဝန်ဝတ္တရားကြောင့် သင်၏ ဝယ်ယူမှုနှင့် သက်ဆိုင်သော ဒေတာများကို တစ်ဆယ် (10) နှစ်ကြာအောင် ကျွန်ုပ်တို့က မှတ်တမ်းထိန်းသိမ်းထားပါမည်။ |
2.3 မောင်းနှင်မှု ဂျာနယ်မှတ်တမ်း
မောင်းနှင်မှု ဂျာနယ်မှတ်တမ်းသည် သင့်ခရီးစဉ်များအားလုံးကို အလိုအလျောက် မှတ်တမ်းတင်ပေးပါသည်။ သင့်ခရီးမိုင်ကုန်ကျစရိတ်များကို စီမံခန့်ခွဲလိုပါက ၎င်းသည် အသုံးဝင်ကောင်းဝင်နိုင်ပါသည်။ မောင်းနှင်မှု ဂျာနယ်မှတ်တမ်းကို သုံးနိုင်ရန် သင်က ၎င်းကို သက်ဝင်အောင် လုပ်ထားရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက ဒေတာကို စုဆောင်းမည်မဟုတ်ပါ။ မောင်းနှင်မှု ဂျာနယ်မှတ်တမ်းကို Volvo Cars App တွင် သင်က အချိန်မရွေး ပိတ်နိုင်ပြီး ယင်းသို့လုပ်ခြင်းအားဖြင့် ဤရည်ရွယ်ချက်အတွက် ဒေတာ စုဆောင်းနေသည်များ ရပ်သွားပါလိမ့်မည်။
သင့်ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့က ဘာ့ကြောင့် သုံးရသလဲ ('ရည်ရွယ်ချက်') | ကျွန်ုပ်တို့ အသုံးပြုသော ကိုယ်ရေး အချက်အလက်များ | ဥပဒေကြောင်းအရ လိုအပ်ခြင်း | ထိန်းသိမ်းထားခြင်း (ဒေတာကို ကျွန်ုပ်တို့က မည်မျှကြာအောင် သိမ်းမည်) |
---|---|---|---|
သင်၏ ခရီးစဉ်များအားလုံးကို အလိုအလျောက် မှတ်တမ်းတင်ပေးသော မောင်းနှင်မှု ဂျာနယ်မှတ်တမ်း ဝန်ဆောင်မှုကို ပံ့ပိုးပေးရန်။ |
| သင်၏ သဘောတူညီချက်။ | အဓိက စဉ်းမျဉ်းတစ်ခုအနေဖြင့် မောင်းနှင်မှု ဂျာနယ်မှတ်တမ်း၏ ဒေတာကို သင့်ကား၏ မော်ဒယ်ပေါ် မူတည်ပြီး 400 ရက်အထိကြာအောင် သိမ်းထားသည်၊ ယင်းကာလပြီးနောက် ၎င်းကို ဖျက်ပစ်နိုင်သည် သို့မဟုတ် မည်သူမည်ဝါဖော်၍ မရအောင် လုပ်နိုင်သည်။ |
2.4 အားသွင်းခြင်း
သင်၏ လျှပ်စစ်ကားကို အားသွင်းရာတွင် လွယ်ကူအောင် လုပ်ရန် Volvo Cars App နှင့်အတူ ပေါင်းစည်းထားသော များပြားလှသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို Volvo Cars က ပံ့ပိုးပေးသည်။ ယင်းထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သင်က အသုံးပြုနေချိန်တွင် သင့်ကိုယ်ရေး အချက်အလက်များအား Volvo Cars က စီမံဆောင်ရွက်ပုံကို ဤအပိုင်းတွင် ဖော်ပြထားသည်။
2.4.1 အများသုံးနေရာတွင် အားသွင်းခြင်း
ဝန်ဆောင်မှု | သင့်ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့က ဘာ့ကြောင့် သုံးရသလဲ ('ရည်ရွယ်ချက်') | ကျွန်ုပ်တို့ အသုံးပြုသော ကိုယ်ရေး အချက်အလက်များ | ဥပဒေကြောင်းအရ လိုအပ်ခြင်း | ထိန်းသိမ်းထားခြင်း (ဒေတာကို ကျွန်ုပ်တို့က မည်မျှကြာအောင် သိမ်းမည်) |
---|---|---|---|---|
ဒစ်ဂျစ်တယ်သုံး အားသွင်း ဖြေရှင်းနည်းများ | အများသုံး အားသွင်းခြင်း ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် Rosenstraße 18-19, 10178 Berlin, Germany လိပ်စာ၊ ကုမ္ပဏီမှတ်ပုံတင်အမှတ် 211155 B ဖြင့် ဂျာမဏီနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီတစ်ခုဖြစ်သည့် Digital Charging Solutions (DCS) GmbH နှင့်အတူ ပူးတွဲဆောင်ရွက်လျက်ရှိပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ စီမံဆောင်ရွက်ခြင်းအတွက် ၎င်းတို့တွင် သီးခြား တာဝန်ရှိသည်။ |
အားသွင်းချိန် အချက်အလက်များနှင့် အများပြည်သူသုံး အားသွင်းခြင်း ဝန်ဆောင်မှုမှ ငွေတောင်းခံခြင်းတို့ကို သင့်အား တင်ပြပေးနိုင်ရန် DCS မှ လက်ခံရရှိသော နောက်ထပ် အချက်အလက်များကို ကျွန်ုပ်တို့က စီမံဆောင်ရွက်ပါသည်-
| ကျွန်ုပ်တို့နှင့် သင်က ချုပ်ဆိုထားသော စာချုပ်၏ စွမ်းဆောင်ရည်အတွက် ဤစီမံဆောင်ရွက်မှု လိုအပ်ပါသည်။ | သင်က Volvo Cars App သုံးစွဲသူတစ်ဦးဖြစ်နေသရွေ့ အများသုံး အားသွင်းရာနေရာနှင့် သက်ဆိုင်သည့် ဒေတာများကို ကျွန်ုပ်တို့က ထိန်းသိမ်းထားမည် ဖြစ်ပြီး သင့်အကောင့်ကို သင်က ဖယ်ရှားလိုက်လျှင် သင့်ကိုယ်ရေး အချက်အလက်များကိုလည်း မည်သူမည်ဝါမဖော်နိုင်အောင် လုပ်ပါမည် သို့မဟုတ် တစ် (1) နှစ်ကြာပြီးနောက် ဖျက်ပစ်ပါမည်။ |
ပလပ်ထိုးပြီး အားသွင်းခြင်း ပလပ်ထိုးပြီး အားသွင်း ဆိုသည်ကို သုံးခြင်းသည် App တစ်ခု၊ RFID သို့မဟုတ် ကတ်မပါရှိဘဲ အများပြည်သူသုံး အားသွင်းစက် (ချာဂျာ)တစ်ခုတွင် သင်က အားသွင်းနိုင်စေပါသည်။ ဆက်စပ်မှုရှိသော အားသွင်းရာ နေရာများတွင် မည်သည့် လူကိုယ်တိုင် ဖြည့်သွင်းချက်မျှမလိုဘဲ သင်၏ ယာဉ်ကို အမျိုးအမည်ခွဲခြားနိုင်ပြီး သင်၏ အားသွင်းခြင်းဆိုင်ရာ စာချုပ်ကို အတည်ပြုပေးနိုင်သည်၊ ဆိုလိုသည်မှာ ကေဘယ်ကြိုးတွင် ပလပ်တပ်လိုက်ရုံဖြင့် သင်က စတင် အားသွင်းနိုင်ပါပြီ။ | ပလပ်ထိုးပြီး အားသွင်းခြင်း ဝန်ဆောင်မှုများကို သင့်အတွက် ပံ့ပိုးပေးရန်။ |
| ကျွန်ုပ်တို့နှင့် သင်က ချုပ်ဆိုထားသော စာချုပ်၏ စွမ်းဆောင်ရည်အတွက် ဤစီမံဆောင်ရွက်မှု လိုအပ်ပါသည်။ | ယာဉ်မှ စာချုပ် အသိအမှတ်ပြုလက်မှတ်ကို ဖယ်ရှားလိုက်သည့်တိုင်အောင် ပလပ်ထိုးပြီး အားသွင်းခြင်းနှင့် သက်ဆိုင်သည့် ဒေတာများကို ကျွန်ုပ်တို့က ထိန်းသိမ်းထားပါမည်။ |
2.4.2 အိမ်တွင် အားသွင်းခြင်း
ဝန်ဆောင်မှု | သင့်ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့က ဘာ့ကြောင့် သုံးရသလဲ ('ရည်ရွယ်ချက်') | ကျွန်ုပ်တို့ အသုံးပြုသော ကိုယ်ရေး အချက်အလက်များ | ဥပဒေကြောင်းအရ လိုအပ်ခြင်း | ထိန်းသိမ်းထားခြင်း (ဒေတာကို ကျွန်ုပ်တို့က မည်မျှကြာအောင် သိမ်းမည်) |
---|---|---|---|---|
စမတ် အားသွင်းခြင်း | အိမ်တွင် သင်၏ လျှပ်စစ်ကားကို အားသွင်းရန်အတွက် စမတ်နည်းပညာသုံး အချိန်ဇယားတစ်ခု သင့်တွင် ရရှိလာနိုင်ရန်။ |
| ကျွန်ုပ်တို့နှင့် သင်က ချုပ်ဆိုထားသော စာချုပ်၏ စွမ်းဆောင်ရည်အတွက် ဤစီမံဆောင်ရွက်မှု လိုအပ်ပါသည်။ | အားသွင်း ကေဘယ်ကြိုးကို ယာဉ်မှ ဖြုတ်လိုက်သည့်အချိန်အထိ ယာဉ်ဆိုင်ရာ အသေးစိတ်၊ ဘက်ထရီဆိုင်ရာ အသေးစိတ်နှင့် တည်နေရာတို့ကို ကျွန်ုပ်တို့က ထိန်းသိမ်းထားပါမည်။ သင်၏ ဆက်သွယ်မှု အသေးစိတ်ကို ငါး (5) နှစ်ကြာအောင် ကျွန်ုပ်တို့က ထိန်းသိမ်းထားပါမည်။ |
အားသွင်းရာ နေရာကို Volvo (“Wallbox”) က ပံ့ပိုးပေးသည် သို့မဟုတ် ရွေးချယ်ပါသည် | Volvo Cars App နှင့် Wallbox တို့ကို သုံး၍ သင်၏ လျှပ်စစ်ကား အားသွင်းခြင်းကို သင်က ထိန်းချုပ်နိုင်ရန်။ |
| ကျွန်ုပ်တို့နှင့် သင်က ချုပ်ဆိုထားသော စာချုပ်၏ စွမ်းဆောင်ရည်အတွက် ဤစီမံဆောင်ရွက်မှု လိုအပ်ပါသည်။ | Wallbox ကို သုံးစွဲသရွေ့ ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့က ထိန်းသိမ်းထားပါမည်။ Wallbox နှင့် သင်က မချိတ်ဆက်တော့ပါက သင့်ကိုယ်ရေး အချက်အလက်များကို မည်သူမည်ဝါ မခွဲနိုင်အောင် လုပ်ပါမည် သို့မဟုတ် ချိတ်ဆက်မှု ဖြုတ်လိုက်ပြီးနောက် 30 ရက်အကြာတွင် ဖျက်ပစ်ပါမည်။ |
2.5 သုတေသနနှင့် တီထွင်ထုတ်လုပ်မှု
သင့်ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့က ဘာ့ကြောင့် သုံးရသလဲ ('ရည်ရွယ်ချက်') | ကျွန်ုပ်တို့ အသုံးပြုသော ကိုယ်ရေး အချက်အလက်များ | ဥပဒေကြောင်းအရ လိုအပ်ခြင်း | ထိန်းသိမ်းထားခြင်း (ဒေတာကို ကျွန်ုပ်တို့က မည်မျှကြာအောင် သိမ်းမည်) |
---|---|---|---|
စာရင်းအင်းဆိုင်ရာ အချက်အလက်များကို ရရှိရန်အပြင် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား အသုံးပြုပုံကို နားလည်မှု ရစေရန်။ |
| ကျွန်ုပ်တို့၏ တရားဝင် အကျိုးစီးပွားမှာ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား အသုံးပြုပုံကို အခြေခံပြီး ၎င်းတို့ကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပိုကောင်းအောင်မြှင့်တင်ရန်တို့ဖြစ်သည်။ | ကျွန်ုပ်တို့သည် ကိုယ်ရေး အချက်အလက်များကို 10 နှစ်ကြာအောင် ထိန်းသိမ်းထားပါမည်။ |
3. သင့်ကိုယ်ရေး အချက်အလက်များအား မျှဝေခြင်း
ကျွန်ုပ်တို့၏ လုပ်ငန်းအား လည်ပတ်နိုင်ရန်၊ သင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် သင့်ထံ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပေးအပ်ရန်အတွက် ကျွန်ုပ်တို့က ဒေတာများကို အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် မျှဝေရပါသည်။ ယင်းအခြေအနေများကို အောက်တွင် ကျွန်ုပ်တို့က ဖော်ပြထားပြီး ယင်းအဖွဲ့အစည်းများကို 'ပေးသွင်းသူများ'၊ 'စီမံဆောင်ရွက်ပေးသူများ' သို့မဟုတ် 'တစ်ဆင့်ခံ စီမံဆောင်ရွက်ပေးသူများ' ဟု ညွှန်းဆိုထားပါသည်။
ယင်းသို့သော အဖွဲ့အစည်းများနှင့် ဒေတာမျှဝေသည့် ကိစ္စရပ်တစ်ခုချင်းစီတွင် သင့်ကိုယ်ရေးအချက်အလက်များကို တရားဝင်စွာနှင့် ဤကိုယ်ရေးလုံခြုံမှု သတိပေးချက်တွင် ချမှတ်ထားသည့် ရည်ရွယ်ချက်များနှင့်အညီ အသုံးပြုထားကြောင်း သေချာအောင်လုပ်နိုင်စေရန် လိုအပ်သော ဒေတာကာကွယ်ရေး စာချုပ်များချုပ်ဆိုပါသည်။ ထို့အပြင် ဖြစ်ရပ်တစ်ခုစီတွင် သက်ဆိုင်ရာ ရည်ရွယ်ချက်ကို အောင်မြင်ပြီးမြောက်နိုင်အောင် လိုအပ်သည်ဟု ကျွန်ုပ်တို့က ယူဆသော ကိုယ်ရေးအချက်အလက်များကိုသာ မျှဝေပါမည်။ အခြေခံကျသော စည်းမျဉ်းတစ်ခုအနေဖြင့် ယင်းသို့သော ပစ္စည်းပေးသွင်းသူများသည် အောက်ပါကဲ့သို့ သီးခြား ဖော်ပြမထားလျှင် ထိုပေးသွင်းသူများသည် ကျွန်ုပ်တို့၏ စီဆောင်ဆောင်ရွက်ပေးသူများအဖြစ် ပြုမူဆောင်ရွက်ပါသည်။
အချို့သော အခြေအနေများ၌ ကိုယ်ရေးအချက်အလက်များကို မျှဝေခြင်းတွင် ဥရောပသမဂ္ဂ/ဥရောပ စီးပွားရေးဧရိယာအပြင်ဘက်သို့ ကိုယ်ရေး အချက်အလက် ပေးပို့မှုများကို ကန့်သတ်ထားမှုများ ပါဝင်သည်။ အဆိုပါလွှဲပြောင်းမှုများအား အနိမ့်ဆုံးလိုအပ်ချက်အထိ ကန့်သတ်ထားကြောင်း၊ သင်မည်သူဖြစ်ကြောင်း တိုက်ရိုက် မဖော်ထုတ်နိုင်သော ဒေတာသာ ပါဝင်ကြောင်း၊ သို့ဖြစ်၍ ခွင့်ပြုချက်မပေးသော ဖွင့်ဟမှုတွင် ဘေးအနိမ့်ဆုံးဖြစ်စေကြောင်း ကျွန်ုပ်တို့မှ ကြိုတင်သတိပြုမှုများ လုပ်ဆောင်ထားပါသည်။
မည်သူမည်ဝါ ('လက်ခံသူ') | ဘာ့ကြောင့် ('ရည်ရွယ်ချက်') |
---|---|
IT ပိုင်း ပေးသွင်းသူများ | ကိုယ်ရေး အချက်အလက်များကို ဒေတာ သိုလှောင်ခန်း ပံ့ပိုးပေးသူများနှင့် ကလောက်ဒ်နှင့် ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုပေးသူများကဲ့သို့သော အထွေထွေ လုပ်ငန်းပိုင်းကို ပံ့ပိုးပေးသော စနစ်များကို လုပ်ဆောင်ပေးသည့် IT ပိုင်း ပေးသွင်းသူများထံသို့ လွှဲပြောင်းပါသည်။ |
ချတ် လုပ်ဆောင်နိုင်စွမ်းနှင့် ဖောက်သည် ဂရုစိုက်ရေး ဝန်ဆောင်မှုပေးသူများအပါအဝင် ဆက်သွယ်ရေးနှင့် ကြော်ငြာပိုင်း ပေးသွင်းသူများ | Volvo Cars App အပြင် အီးမေးလ်နှင့် ဖုန်းကဲ့သို့သော အခြား ဆက်သွယ်ရေး ချန်နယ်များကို သုံးကာ သင်နှင့် ဆက်သွယ်ရန် ကျွန်ုပ်တို့အား ပံ့ပိုးပေးသော ပေးသွင်းသူများနှင့် ကိုယ်ရေးအချက်အလက်များကို မျှဝေထားသည်။ |
သရုပ်ခွဲခြင်းများနှင့် စာရင်းအင်းများဆိုင်ရာ ပံ့ပိုးပေးသူများ | Volvo Cars App အား အသုံးပြုနေပုံနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့အား အသိအမြင်များပေးသော ဝန်ဆောင်မှုပေးသူများနှင့် ကိုယ်ရေး အချက်အလက်များကို မျှဝေပါသည်၊ ယင်းက Volvo Cars App နှင့် ကျွန်ုပ်တို့မှ ပေးနေသည်များအား မြှင့်တင်နိုင်ရန် ကူညီပေးပါသည်။ |
ငွေပေးချေခြင်း ဝန်ဆောင်မှု၊ ဘီလ်ပေးပို့ခြင်း၊ ငွေတောင်းခံလွှာ ပို့ခြင်းနှင့် စာရင်းပေးသွင်းမှာယူမှုကို ကြီးကြပ်ကွပ်ပေးသူများ | Stripe Inc. (https://stripe.com/en-se/privacy) ကဲ့သို့သော သင်၏ ငွေပေးချေမှုများကို စီမံဆောင်ရွက်ရာတွင် ကျွန်ုပ်တို့က ပြင်ပမှ ငွေပေးချေခြင်း ဝန်ဆောင်မှုပေးသူအား အသုံးပြုပါသည်။ ယင်းသို့သော ငွေပေးချေမှုပိုင်း ပံ့ပိုးပေးသူများသည် သင့်ကိုယ်ရေး အချက်အလက်များအား ၎င်းတို့က သီးခြား စီမံဆောင်ရွက်ရန် တာဝန်ရှိသည်။ |
မြေပုံ ဝန်ဆောင်မှုများ (Google Maps) | သင်နှင့် သင့်ယာဉ်၏ တည်နေရာကို ပြရန် Volvo Cars App သည် Google Maps (https://policies.google.com/privacy) သုံးပါသည်။ |
အများသုံး အားသွင်းရာနေရာ (ဒစ်ဂျစ်တယ်သုံး အားသွင်း ဖြေရှင်းနည်းများ) | အများသုံး အားသွင်းခြင်း ဝန်ဆောင်မှုကို Digital Charging Solutions (https://volvocar-public-charging.com/web/en/volvo-gb/privacy-policy) နှင့်အတူ စီးပွားဖက်အနေဖြင့် ပံ့ပိုးထားကာ သင့်ကိုယ်ရေး အချက်အလက်များ အချို့ကို မျှဝေခြင်း ပါဝင်သည်။ ဤစီမံဆောင်ရွက်မှုနှင့် စပ်လျဉ်းပြီး အသေးစိတ်ကို အထက်ပါ Section 2.4.1 တွင် သင်က ကြည့်နိုင်သည်။ |
Volvo Car အုပ်စု၏ အခြားအဖွဲ့ဝင်များ | သက်ဆိုင်သည့် တိုင်းပြည်ရှိ ကျွန်ုပ်တို့၏ ပြည်တွင်း အရောင်းကုမ္ပဏီများနှင့် ကိုယ်ရေး အချက်အလက်များကို မျှဝေထားပြီး ယင်းကိုယ်ရေး အချက်အလက်များပါ ဒေတာသည် ယင်းမှလာပါသည်။ ယင်းအား လက်လီရောင်းချသူများ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း၊ ဖောက်သည် စောင့်ရှောက်ခြင်းနှင့် စာရင်းပေးသွင်းမှာယူမှုများကို ဝင်သုံးခြင်းတို့ကဲ့သို့သော ရည်ရွယ်ချက်များအတွက် ပြုလုပ်ခြင်းဖြစ်သည်။ |
သင်ခွင့်ပြုပေးထားသည့် မည်သည့်အဖွဲ့အစည်း/ပုဂ္ဂိုလ်မဆို | ဥပမာ- ပြင်ပမှ ဝန်ဆောင်မှုပေးသူများ၊ အာမခံ ပေးသူများနှင့် အလားတူများကဲ့သို့သော အခြားသော အဖွဲ့အစည်းတစ်ခုသို့ ကိုယ်ရေး အချက်အလက်များကို မျှဝေရန် သင်က ကျွန်ုပ်တို့ကို သင်၏ သဘောတူခွင့်ပြုချက် ပေးကောင်းပေးထားနိုင်သည်။ |
4. သင့်အခွင့်အရေးများနှင့် ထိန်းချုပ်နိုင်မှုများ
ကျွန်ုပ်တို့က စီမံဆောင်ရွက်သော သင့်အကြောင်းဆိုင်ရာ ကိုယ်ရေး အချက်အလက်များနှင့် စပ်လျဉ်းပြီး သတ်မှတ်ထားသော ဥပဒေဆိုင်ရာ ရပိုင်ခွင့်များ သင့်တွင် ရှိပါသည်။ သင်တည်ရှိသော တရားစီရင်စုနှင့် ပရောဆက်လုပ်ဆောင်မှု၏ သဘာ၀အပေါ်မူတည်၍ အခွင့်အရေးများသည် ကွဲပြားနိုင်ပါသည်။ ယေဘုယျအားဖြင့် အောက်ပါတို့ကို သင်လုပ်ပိုင်ခွင့်ရှိပါသည် -
- သင့်ခွင့်ပြုချက်အား ရုပ်သိမ်းခြင်း
- သင့်ဒေတာများအား ကျွန်ုပ်က စီမံဆောင်ရွက်မှုကို ငြင်းခြင်း
- ကျွန်ုပ်တို့တွင် သင်နှင့်ပတ်သက်၍ ထားရှိသော ဒေတာများ၏ မိတ္တူတစ်စောင်ကို တောင်းဆိုခြင်း (ကာယကံရှင်၏ ရယူပိုင်ခွင့်)
- အခြားအဖွဲ့အစည်းထံ ဒေတာအား လွှဲပြောင်းပေးရန် တောင်းဆိုခြင်း (ဒေတာရွှေ့ပြောင်းရလွယ်ကူမှု)
- ဒေတာများအား အမှန်ပြင်ဆင်ပေးရန် သို့မဟုတ် ကန့်သတ်ရန် တောင်းဆိုခြင်း
- ဒေတာများအား ပယ်ဖျက်ပေးရန် တောင်းဆိုခြင်း (မေ့ဖျောက်ခံရပိုင်ခွင့်)
ဖော်ပြထားသည့်အတိုင်း အဆိုပါအခွင့်အရေးများကို အကြွင်းမဲ့ မရယူနိုင်ဘဲ အချို့အခြေအနေများတွင် ဒေတာကာကွယ်ရေးဥပဒေသည် ၎င်းတို့၏ အကျုံးဝင်မှုကို ကန့်သတ်ပါသည်။ ကျွန်ုပ်တို့ထံ သင်ပြုလုပ်သော တောင်းဆိုမှုသည် ထိုသို့ အကန့်သတ်ခံရပါက သင့်တောင်းဆိုချက်ကို အဘယ်ကြောင့် မလုပ်ဆောင်ပေးနိုင်ကြောင်းကို ကျွန်ုပ်တို့အမြဲရှင်းပြပါမည်။
အခွင့်အရေးဆိုင်ရာ တောင်းဆိုချက်တစ်ခုကို သင်တင်သွင်းလိုပါက ဤ ဖောင်ပုံစံ အား ဖြည့်စွက်၍ ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ သင်မည်သူဖြစ်ကြောင်း အထောက်အထားကို အတည်ပြုရန်နှင့် သင့်တောင်းဆိုချက်ကို ထိရောက်စွာ လုပ်ဆောင်ပေးနိုင်ရန်အတွက် ကျွန်ုပ်တို့လိုအပ်သော အချက်အလက်များကို ဤဖောင်ပုံစံက ပေးအပ်သောကြောင့် ၎င်းအား အသုံးပြုရန် ကျွန်ုပ်တို့ လေးစားစွာ တောင်းဆိုအပ်ပါသည်။ သို့ရာတွင် သင်သည် ဖောင်အား အသုံးမပြုလိုပါက နောက်အပိုင်းတွင် ဖော်ပြထားသော ဆက်သွယ်ရန်အချက်အလက်ကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပြီး သင့်တောင်းဆိုချက်ကို တင်သွင်းနိုင်ပါသည်။
သင့်ပုဂ္ဂိုလ်ရေးဒေတာအား ကျွန်ုပ်တို့အသုံးပြုပုံနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိပါက သင့်ဒေသန္တရ ဒေတာကာကွယ်ရေး အာဏာပိုင်ထံ မကျေနပ်ချက်တိုင်ကြားခွင့်လည်း သင့်တွင်ရှိပါသည်။ သို့ရာတွင် သင့်စိုးရိမ်မှုများကို ကျွန်ုပ်တို့ထံ ဦးစွာအသိပေးပြီး အတူတကွ ပူးပေါင်းဖြေရှင်းခွင့်ပေးအပ်ပါက ကျွန်ုပ်တို့ဘက်မှ ကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့၏ ဆက်သွယ်ရန်အချက်အလက်များကို အောက်တွင်ရှာဖွေနိုင်ပါသည်။
5. ဆက်သွယ်ရန် အချက်အလက်
သင့်ပုဂ္ဂိုလ်ရေးဒေတာအား ကျွန်ုပ်တို့အသုံးပြုပုံနှင့်ပတ်သက်၍ မေးခွန်းများရှိပါက dataprotection@volvocars.com သို့ အီးမေးလ်ပေးပို့၍ဖြစ်စေ၊ အောက်တွင်ဖော်ပြထားသည့် Volvo Car Corporation ဒေတာကာကွယ်ရေးအရာရှိထံမှတစ်ဆင့်ဖြစ်စေ ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည် -
စာပို့ရန် လိပ်စာ- Volvo Car Corporation၊ စာလက်ခံသူ - ဒေတာကာကွယ်ရေး အရာရှိ၊ dep 50099၊ VAK၊ 405 31 Gothenburg၊ Sweden။
အီးမေးလ်- globdpo@volvocars.com
6. ဤသတိပေးချက်တွင် အပြောင်းအလဲများ
ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်လျက်ရှိပြီး ရလဒ်အနေဖြင့် ဤပုဂ္ဂိုလ်ရေးအသိပေးချက်ကို ပြန်လည်သုံးသပ်၍ မွမ်းမံသွားပါမည်။ သို့ဖြစ်ပါ၍ ဤပုဂ္ဂိုလ်ရေးအသိပေးချက်ကို ပုံမှန်ပြန်လည်ဖတ်ရှုရန် သင့်အားတိုက်တွန်းပါသည်။ ဤပုဂ္ဂိုလ်ရေးအသိပေးချက်၏ ထိပ်ဆုံးရှိရက်စွဲသည် ၎င်းအား နောက်ဆုံးမွမ်းမံခဲ့သည့်အချိန်ကို ဖော်ပြပါသည်။ ကျွန်ုပ်တို့သည် သင့်ပုဂ္ဂိုလ်ရေးဒေတာကို အခြားနည်းဖြင့် ကိုယ်တွယ်ရန် သင့်ထံမှ ခွင့်ပြုချက်မရလျှင် ၎င်းတို့အား ကောက်ခံခဲ့ရာတွင် ပေးအပ်ထားသည့် ပုဂ္ဂိုလ်ရေးအသိပေးချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုင်တွယ်သွားမည်ဖြစ်သည်။